Connect with us

Asia

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၄၆၀ကျော်ရှိလာပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲ


ဂျာကာတာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်း တွင် သြဂုတ် ၅ရက်က လှုပ်ခတ်ခဲ့သော ငလျင်ပြင်းကြောင့် သေဆုံးသူ ဦးရေသည် ၄၆၀ဦးကျော်အထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအောက်မှ သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဌာန မှ တာဝန်ရှိသူတစ်ဦး က သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းငလျင်ကြောင့် လူစုစုပေါင်း ၇,၇၇၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် နေအိမ်အလုံးပေါင်း ၇၁,၉၆၂လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၆၇၁လုံး၊ ဆေးရုံတစ်ရုံ နှင့် ဆေးပေးခန်း ၁၁ခု အပါအဝင် ကျန်းမာရေးအဆောက်အအုံ ၅၂လုံး၊ ရုံးအဆောက်အအုံ အလုံး ၂၀ ပျက်စီးခဲ့ပြီး တံတား ၆စင်း ပြိုကျခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ပြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများအားတွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ပြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများအားတွေ့ရစဉ် (ဆင်ဟွာ)

ငလျင်ကြောင့် လူ ၄၁၇,၀၀၀ ဦး နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ယာယီစခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။ကယ်ဆယ်ရေးသမားသည် အဆောက်အအုံ အပျက်အစီးများအောက်မှ သေဆုံးသူများကို ရှာဖွေနေဆဲဖြစ်၍ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ စာတိုပေးပို့၍ပြောကြားခဲ့သည်။

၎င်းက ယခုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ငွေကြေးတန်ဖိုးအရ အမေရိကန်ဒေါ်လာ ၅၀၉.၆သန်း ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။အင်ဒိုနီးရှားနိုင်ငံရှိ အထင်ကရ ခရီးသွားကျွန်းတစ်ခုတွင် အင်အား ၆.၄ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီး တစ်ပတ်အကြာ သြဂုတ် ၅ရက်တွင် Lombok ကျွန်းပေါ်၌ အင်အား ၇.၀ ပမာဏရှိ အလွန်ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.