Connect with us

Asia

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဗဟိုဘဏ် က တရုတ် ယွမ်ငွေ (RMB) ဖြင့် စာရင်းရှင်းတမ်း ပြုလုပ်သည့် အကောင့် တည်ထောင်ခွင့်ပြု

တစ်ရာ ယွမ် တန်ဖိုးရှိ တရုတ် နိုင်ငံယွမ်ငွေ (RMB) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဗဟိုဘဏ် က လတ်တလော ရက်ပိုင်း အတွင်း မူဝါဒ အသစ် တစ်ရပ် ချမှတ် ခဲ့ပြီး သက်ဆိုင်ရာ ဘဏ် များမှ တရုတ် ယွမ်ငွေ (RMB) ဖြင့် စာရင်းရှင်းတမ်း ပြုလုပ်နိုင်သည့် အကောင့် တည်ထောင်ခွင့် ပြုခဲ့ပြီး ဗဟိုဘဏ် နှင့် စာရင်းရှင်းတမ်း ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

အသစ် ထုတ်ပြန်လိုက်သည့် မူဝါဒ အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားငွေ လဲလှယ်သည့် လုပ်ငန်းရှင် များက တရုတ် ယွမ်ငွေ ဖြင့် စာရင်းရှင်းတမ်း ပြုလုပ်နိုင်သည့် အကောင့် ဖွင့်လှစ်ကာ ဗဟိုဘဏ် နှင့် စာရင်းရှင်းတမ်း ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဗဟိုဘဏ် အလုပ်အမှုဆောင် ဒါရိုက်တာ Serajul Islam က တရုတ် ယွမ်ငွေဖြင့် စာရင်းရှင်းတမ်း ပြုလုပ်ခြင်း သည် ဘင်္ဂလားဒေ့ရှ်-တရုတ် နှစ်နိုင်ငံ အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၏ အကြီးဆုံး သော ကုန်စည် တင်သွင်းသည့် နိုင်ငံ ဖြစ်ကြောင်း ၊ အသစ် ထုတ်ပြန်လိုက်သည့် မူဝါဒ ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ကို ပိုမိုတိုးချဲ့ နိုင်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ အပေါ် မှီခိုအားထားမှု နှင့် ငွေလဲလှယ်နှုန်း မတည်ငြိမ်မှု ကြောင့် ဖြစ်ပေါ်သည့် သက်ရောက်မှု ကိုလည်း လျော့နည်း နိုင်စေမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘဏ်လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဟောင်း က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။တရုတ် နိုင်ငံ ယွမ်ငွေ (RMB) သည် ၂၀၁၆ ခုနှစ် တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ချုပ် (IMF) ၏ (Special Drawing Right, SDR) စာရင်း သို့ ထည့်သွင်း ခံထားရသည့် ငွေကြေး တစ်မျိုး ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117