Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ အနောက် ဆူမားတြား ပြည်နယ် အနီးရှိ ပင်လယ်ပြင် တွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင်ဖြစ်ပွားခဲ့သည့် အင်ဒိုနီးရှား နိုင်ငံ အနောက် ဆူမားတြား ပြည်နယ် အနီးရှိ ပင်လယ်ပြင် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဂျာကာတာ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ အနောက် ဆူမားတြား ပြည်နယ် အနီးရှိ ပင်လယ်ပြင် တွင် စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် အင်အား ၆.၂ ရစ်ချ်တာစကေးရှိသော ငလျင် တစ်ခု လှုပ်ခတ်သွား ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ဆုံးရှုံးမှု တန်ဖိုး စာရင်းမထွက်ရှိသေးကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ မိုးလေဝသ ဌာန ဖော်ပြချက်အရ ငလျင်သည် ဂျာကာတာ စံတော်ချိန် နံနက် ၀ နာရီ ၀၆ မိနစ်တွင် ဖြစ်ပွား ခဲ့ပြီး ငလျင်ဗဟိုသည် အနောက် ဆူမားတြား ပြည်နယ် မြို့တော် ၏ ၇၇.၈ ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင်တွင် ဖြစ်ကြောင်း ၊ ငလျင် သည် မြေပြင်အောက်အနက် ၁၀ ကီလိုမီတာ တွင် ဗဟိုပြုလှုပ်ခတ် ခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံ ငလျင် တိုင်းတာရေးဌာန က ယခုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဆိုနာမီ သတိပေးချက် မထုတ်ပြန် ခဲ့ကြောင်း သိရှိခဲ့ရသည်။

အင်ဒိုနီးရှား နိုင်ငံ သည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြော ဒေသတွင် တည်ရှိပြီး နှစ်စဉ် ငလျင်ကြီး/ငယ် ပေါင်း ထောင်နှင့်ချီ၍ ဖြစ်ပွားလေ့ရှိရာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ တွင် ဖြစ်ပွား ခဲ့သည့် ပြင်းထန်သည့် ငလျင်ကြောင့် အိန္ဒိယ သမုဒ္ဒရာ တွင် ဆိုနာမီ ဖြစ်ပွားခဲ့ကာ လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.