Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် နေအိမ်ပြိုကျ၊ လူ ၃ ဦး သေဆုံး

မွမ်ဘိုင်းတွင် ပြိုကျနေသည့် အဆောက်အဦနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းတွင် သြဂုတ်လ ၃၁ ရက်က ငါးထပ် အဆောက်အဦ တစ်လုံးပြိုကျခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မွမ်ဘိုင်းမြို့၏ Bhendi ဒေသရှိ Maulana Shaukat Ali လမ်းမပေါ်ရှိ အဆိုပါ ဟောင်းနွမ်းနေသော အဆောက်အဦမှာ ဒေသစံတော်ချိန် နံနက် ၈း၄၅ နာရီတွင် ပြိုကျခဲ့ခြင်း ဖြစ်ပြီး အပျက်အစီးများအကြား လူ ၂၀ ဦးခန့် ပိတ်မိနေခဲ့ကြောင်း သိရသည်။

“အပျက်အစီးများအကြား လူ ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ နောက်ထပ် အသက်ရှင်မဲ့သူတွေကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ ပိတ်မိနေတဲ့သူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု ရဲအရာရှိ Manoj Sharma က မီဒီယာသို့ ပြောသည်။

သဘာဝဘေး တုန့်ပြန်ရေးတပ် (NDRF) မှအဖွဲ့ တစ်ဖွဲ့က မီးသတ်ကား ၁၀ စင်းနှင့်အတူ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

ယင်း ပြိုကျခဲ့သည့် အဆောက်အဦတွင် မိသားစု ၁၁ စု နေထိုင်လျက်ရှိကြောင်း၊ မွမ်ဘိုင်းနှင့် ထိစပ်နေသော နယ်မြေများ၌ ၁၂ နှစ်တာကာလအတွင်း မိုးအသည်းထန်ဆုံးအဖြစ် သြဂုတ်လ ၂၉ ရက်ကစပြီး နှစ်ရက်ကြာ ရွာသွန်းပြီးနောက် ယခုလို အဆောက်အဦ ပြိုကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သြဂုတ်လ ၂၆ ရက်ကလည်း မွမ်ဘိုင်းမြို့ ချန်ဒီဗာလီတွင် အဆောက်အအုံ တစ်ခု ဖြိုချနေစဉ် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.