Asia
အင်ဒိုနီးရှား အနောက်ပိုင်း အင်အားပြင်း ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် မထုတ်ပြန်သေး

ဂျကာတာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်တွင်း ပြင်းအား ၆.၃ ရှိ ငလျင်တစ်ခု အောက်တိုဘာလ ၁၉ ရက် အစောပိုင်းက လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။
ယင်း ငလျင်သည် ဂျာဗားပြည်နယ် အရှေ့မြောက်ဘက်ရှိ စူဘန်းမြို့၏ ၁၂၀ ကီလိုမီတာ၊ ပင်လယ်ကြမ်းပြင်အောက် ၆၅၄ ကီလိုမီတာအနက်အား ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်း အရာရှိတစ်ဦးက ဆင်ဟွာသို့ ဖုန်းက တဆင့်ပြောသည်။
သို့ရာတွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း အဆိုပါ အရာရှိက ပြောသည်။
အမေရိကန် ဘူမိဗေဒလုပ်ငန်းကမူ အဆိုပါ ငလျင်အား ပြင်းအား ၆.၂ ရှိကြောင်း ထုတ်ပြန်ထားသည်။ (Xinhua)