Asia
အင်ဒိုနီးရှား အလယ်ပိုင်း အင်အားပြင်း ငလျင်လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် မထုတ်ပြန်သေး

ဂျကာတာ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း စူလာဝပ်စီပြည်နယ် မြောက်ပိုင်း Sulawesi ပင်လယ် (Celebes Sea) တွင် ဇန်နဝါရီလ ၁၀ ရက် ပေကျင်း စံတော်ချိန် မွန်းလွဲ ၂း၁၃ နာရီက ပြင်းအား ၇.၂ ရစ်ချ်တာရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း တရုတ်နိုင်ငံ ငလျင် ကွန်ရက် စင်တာ(CENC) ထံမှ သိရသည်။
အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၄.၅၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၂.၆၉ ဒီဂရီအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ငလျင် လှုပ်ခတ်သည့် ကြိမ်နှုန်းမှာ Bitung မြို့နှင့် Manado မြို့များတွင် ၂ မှ ၃ MMI (Modified Mercally Intensity) ရှိပြီး Gorontalo ပြည်နယ် အနီးတွင် ၂ MMI ရှိကြောင်း တာဝန်ရှိသူက ပြောသည်။ (Xinhu