Connect with us

Asia

အိုင်အက်စ်အကြမ်းဖက်ဝါဒလမ်းစဉ်သည် ဖိလစ်ပိုင်နိုင်ငံထိ ရောက်ရှိနေပြီဖြစ်ကြောင်း ဒူတာတေးပြော

ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Maute အကြမ်းဖက်အဖွဲ့ မှ တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက အိုင်အက်စ်တို့၏ အကြမ်းဖက်ဝါဒလမ်းစဉ်သည် ဖိလစ်ပိုင်နိုင်ငံထိ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက်တွင် ပြောကြားလိုက်သည်။

“ အဲဒီ ထင်မြင်ယူဆချက်အပေါ် အစိုးရအဖွဲ့မှာ ဆွေးနွေးနေပါတယ်။ အိုင်အက်စ်အကြမ်းဖက်အယူဝါဒလမ်းစဉ်ဟာ ဒီအထိရောက်နေပါပြီ” ဟု Malacanang သမ္မတနန်းတော်၌ ပြုလုပ်သော အခမ်းအနားတစ်ခုတွင် ဒူတာတေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်အဖွဲ့အစည်းများသည် မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းနည်းလမ်းဖြင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Mindanao ကျွန်းပေါ်ရှိ ၎င်းတို့၏ အဖွဲ့အစည်းအတွက် ဝင်ငွေရှာဖွေနေကြောင်း ဒူတာတေးက ဆက်လက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံခြားသား အကြမ်းဖက်သမား ဖြစ်နိုင်ခြေ ၅ ဦးမှ ၁ဝ ထိကိုလည်း အကဲခတ်စောင့်ကြည်လျက်ရှိကြောင်းဇန်နဝါရီလ ၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖိလစ်ပိုင်နိုင်ငံရဲချုပ် Ronald dela Rosa က ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ၌ တိုက်ခိုက်မှုများမပြုလုပ်မီ နိုင်ငံခြားသား အကြမ်းဖက်သမားများကို ဖိလစ်ပိုင်နိုင်ငံ၌ လေ့ကျင့်မှုများပြုလုပ်ပေးနေသည်ဆိုသည့် သတင်းပေးပို့ချက်များကို ဖိလစ်ပိုင်အာဏာပိုင်များက ရရှိထားကြောင်း ၎င်း ကဖြည့်စွက်ပြောကြားခဲ့သည်။

ပြီးခဲ့သော ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းက Mindanao ကျွန်း ပေါ်ရှိ Sarangani ၌ ပြုလုပ်သော ရဲတပ်ဖွဲ့စစ်ဆင်ရေးတစ်ခုတွင် နိုင်ငံခြားသားတစ်ဦး နှင့် ၎င်း၏ ဇန်ီးဖြစ်သူကို သုတ်သင်နိုင်ခဲ့ကြောင်း Dela Rosa က ဆိုသည်။

သေဆုံးသူမှာ Ansar Al-Khilafa ဂျီဟတ်အဖွဲ့ဝင် ဆူဒန်နိုင်ငံသား Abu Naila ဖြစ်ကြောင်း အတည်ပြုထားသည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း အခြေစိုက် Maute အစ္စလမ်မစ်အကြမ်းဖက်အဖွဲ့နှင့် အိုင်အက်စ်စစ်သွေးကြွတို့ကြား ချိတ်ဆက်မှုရှိကြောင်းကို ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက ပြီးခဲ့သော နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၂ ရက်က Davao မြို့၌ လူပေါင်း ၁၅ ဦးသေဆုံးပြီး အခြား ၇ဝ ဦးထိခိုက်ဒဏ်ရာရခဲ့သော တိုက်ခိုက်မှုအပါအဝင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ဓားပြမှုများ နှင့် ဗုံးခွဲတိုက်ခိုက်မှုများအတွက် ဖိလစ်ပိုင်စစ်တပ်က Maute အဖွဲ့အား စွပ်စွဲပြစ်တင်ထားကြောင်း သိရသည်။(xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.