Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Connect with us

Asia

အင်ဒိုနီးရှား အလယ်ပိုင်းတွင် လူ ၄၇ ဦး တင်ဆောင်လာသည့် စပိဘုတ် နစ်မြုပ်

ကယ်ဆယ်ရေး လှေတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

လူ ၄၇ ဦးအား တင်ဆောင်လာသော စပိဘုတ် တစ်စီးမှာ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း North Kalimantan ပြည်နယ် ရေပိုင်နက်အတွင်း ဇူလိုင်လ ၂၅ ရက်က နစ်မြုပ်ခဲ့ကြောင်း ကယ်ဆယ်ရေးရုံး အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။

Bulungan ခရိုင် Tanjung Selor သို့ ဦးတည်သွားနေသော Rejeki Baru စပိဘုတ်သည် Tarakan မြို့ Pelabuhan Tengkayu ကမ်းရိုးတန်းမှ ၁ ကီလိုမီတာအကွာအရောက်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ မာဆူဒီက ပြောသည်။

“မတော်တဆမှု ဖြစ်တဲ့နေရာမှာ ပါသွားသူတွေကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ဝန်ထမ်းတွေ တာဝန်ယူ လုပ်ဆောင်နေပါတယ်” ဟု အဆိုပါ အရာရှိက ဆင်ဟွာသို့ တယ်လီဖုန်းမှ တစ်ဆင့် ပြောကြားခဲ့သည်။

ရေတပ်နှင့် ရေကြောင်းရဲတပ်ဖွဲ့များက ကယ်ဆယ်ရေးသမားများက ကယ်ဆယ်ရေး လုပ်ငန်းများအား တာဝန်ယူ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.