Connect with us

Asia

သီရိလင်္ကာတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၃၀၁ ဦးရှိ

သွေးလွန်တုပ်ကွေး သယ်ဆောင်လာသည့် ခြင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၅၀၀၀ ဦးအထိရှိလာပြီး သေဆုံးသူ အရေအတွက်မှာ ၃၀၁ ဦး ရှိပြီဖြစ်ကြောင်း သီရိလင်္ကာ ကြက်ခြေနီအဖွဲ့က ဇူလိုင်လ ၂၅ ရက်က ပြောကြားခဲ့သည်။

လက်ရှိအချိန်ကာလတွင် သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားနေသူနှုန်းမှာ မြင့်တက်လာသည့် အတွက် အရေးပေါ် ကူညီထောက်ပံ့မှု လျင်မြန်စွာ အရှိန်မြှင့်လုပ်ဆောင်ရမည် ဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့က ပြောခဲ့သည်။

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ကူူးစက်ခံရသည့် အရေအတွက်မှာ ၂၀၁၆ ခုနှစ်က အရေအတွက် ၅၅,၁၅၀ ဦးထက် နှစ်ဆနီးပါးရှိလာခဲ့ကြောင်း သိရသည်။

“သွေးလွန်တုပ်ကွေးက ဒီမှာ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို အရေအတွက် အများကြီး တိုးလာတာရဲ့ အကြောင်းရင်း တစ်ခုကတော့ လက်ရှိမှာ ဗိုင်းရပ်စ်က မျိုးဗီဇ ပြောင်းသွားတာဖြစ်သလို လူတွေက ရောဂါ ကာကွယ်နိုင်စွမ်း အားနည်းလာတာတွေကြောင့်ပါပဲ”ဟု သီရိလင်္ကာ ကြက်ခြေနီ ကျန်းမာရေးဋ္ဌာနမှ ဒေါက်တာ Novil Wijesekara က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် မုတ်သုန်မိုးရွာသွန်းခြင်း၊ ရေကြီးခြင်းတို့ကြောင့် ခြင်များ ပေါက်ဖွားရန် အကောင်းဆုံးနေရာများ ဖြစ်သည့် ရေကူးကန်များအတွင်း မကောင်းသည့်ရေများနှင့် အမှိုက်များ ကျန်ရှိနေခြင်းက ယခုလို သွေးလွန်တုပ်ကွေး ကူးစက်နှုန်း ပိုပြီး ဆိုးဝါးခဲ့ခြင်း ဖြစ်သည်။ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေဆိုးများ ရှိနေခြင်းကြောင်း ရောဂါ ပျံ့နှံ့နှုန်း ဆက်လက် မြင့်တက်နိုင်ခြေရှိကြောင်း သိရသည်။

သီရိလင်္ကာ ကြက်ခြေနီ စေတနာ့ဝန်ထမ်းများအဖွဲ့များသည် ဆေးရုံများတွင် သွေးလွန်တုပ်ကွေး ကူးစက်ခံ လူနာများအား ထောက်ပံ့ရာတွင် အစိုးရ၏ လုပ်ဆောင်မှုတွင် ထောက်ပံ့ပေးခြင်း၊ ပြည်သူ့ ကျန်းမာရေး စစ်ဆေးသူများနှင့်အတူ ရောဂါ၊ ရောဂါလက္ခဏာများနှင့် ကူးစက်မှုအား ကာကွယ်ရန် အသိပညာပေးခြင်းများ၌ အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.