Asia
အမေရိကန်နိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ဆက်လက်ထောက်ခံမည်ဟု ထရမ့်ပြော
အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ဆက်လက်ထောက်ခံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇွန်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
ထရမ့်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိုဆာကာမြို့တွင် ပြုလုပ်သော G20 ထိပ်သီးအစည်းအဝေးအတွင်း သီးခြားတွေ့ဆုံစဉ် မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် သမ္မတ ရှီက တရုတ်တိုင်ပေကိစ္စအပေါ် တရုတ်နိုင်ငံ၏ အခြေခံမူများနှင့် ရပ်တည်ချက်အား အသေးစိတ်ရှင်းပြခဲ့ကြောင်း သိရသည်။
ထရမ့်က ၎င်းအနေဖြင့် တရုတ်တိုင်ပေကိစ္စအပေါ် တရုတ်နိုင်ငံ၏ စိုးရိမ်မှုအား အလေးအနက် လက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)