Connect with us

Asia

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှု ထောင်ချောက်အတွင်းသို့ မကျသင့်ဟု သမ္မတ ရှီပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အကျိုးစီးပွားများ ပေါင်းစည်းခြင်းနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ မြင့်မားစွာရှိကြောင်းနှင့် ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ၏ ထောင်ချောက်များအတွင်းသို့ မကျရောက်သင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

ရှီက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ပြုလုပ်သော G20 ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံခဲ့စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)