Connect with us

Asia

အမေရိကန် သမ္မတ နှင့် အစ္စရေး ဝန်ကြီးချုပ် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုပြီးနောက် ပထမဆုံးအကြိမ် ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်ဆဲရေးအပေါ် ထောက်ခံကြောင်း သဘောထားထုတ်ပြန်

ဝါရှင်တန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် သည် မေ ၁၇ ရက်က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ပြီး ပထမဆုံးအကြိမ် ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်ဆဲရေးအား ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်၏ မေလ ၁၇ ရက် ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် က အစ္စရေးနိုင်ငံအနေဖြင့် လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ကြိုးပမ်းအားထုတ်ကာ အပြစ်မဲ့ သာမန်ပြည်သူများကို ကာကွယ်သွားသင့်ကြောင်း ၊ အစ္စရေးနိုင်ငံ၏ မိမိကိုယ်ကိုကာကွယ်ခွင့်ကိုလည်း ခိုင်မြဲစွာ ထောက်ခံအားပေးကြောင်း ၊ နှစ်ဖက်အနေဖြင့် အစ္စရေးနိုင်ငံ ၏ ဂါဇာဒေသတွင် ဟားမတ်စ် စသည့် အဖွဲ့အစည်းများအပေါ် ဆောင်ရွက်သည့် စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုအကြိမ်ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုမှာ အမေရိကန်နိုင်ငံ သမ္မတ၏ တစ်ပတ်အတွင်း တတိယအကြိမ်မြောက် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် မေလ ၁၇ ရက်တွင် တူနီးရှား ၊ ဂျော်ဒန် နှင့် အစ္စရေး စသည့်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ အနေဖြင့် ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာတွင် ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်ဆဲရန် ပထမဦးဆုံးထောက်ခံသည့် သဘောထားကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ သတင်းမီဒီယာများက ဂျိုး ဘိုင်ဒန်၏ ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်ဆဲရန် ပထမဦးဆုံးအကြိမ် ထောက်ခံကြောင်း ပြောကြားခဲ့ခြင်းမှာ ဒီမိုကရက်တစ်ပါတီအတွင်း ဖိအားပေးမှုများကြောင့် ဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြသည်။ ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များက မေလ ၁၆ ရက်၌ ပူးပေါင်းကြေညာချက်တစ်ဆောင် ထုတ်ပြန်ခဲ့ရာတွင် ပါလက်စတိုင်း-အစ္စရေး နှစ်ဖက်အနေဖြင့် ချက်ခြင်း အပစ်အခတ်ရပ်စဲကြရန် တောင်းဆိုခဲ့ပြီး အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိမှု နှင့် ပဋိပက္ခ ပိုမိုမြင့်တက်လာမှုအား တားဆီးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

လတ်တလောရက်ပိုင်းတွင် ပါလက်စတိုင်း ဂါဇာဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်း နှင့် အစ္စရေး အကြား ဆိုးရွားသည့် တိုက်ခိုက်မှုများ အဆက်မပြတ်မြင့်တက်လာခဲ့သည်။ အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနတို့၏ မေလ ၁၇ ရက် ထုတ်ပြန်ကြေညာချက်အရ မေလ ၁၀ ရက်မှစတင်၍ နှစ်ဖက်တိုက်ခိုက်မှုများကြောင့် အစ္စရေး ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး လူပေါင်း တစ်ရာကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပါလက်စတိုင်းဘက်တွင် လူပေါင်း အနည်းဆုံး ၁၉၈ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ကလေးငယ် ၅၈ ဦး နှင့် အမျိုးသမီး ၃၅ ဦး ပါဝင်ကာ လူပေါင်း ၁,၃၀၀ ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။ (Xinhua)

——————————————————-
(Chinese Version)

(聚焦巴以冲突)拜登与以总理通话首次表态支持巴以停火

新华社华盛顿5月17日电(记者刘品然)美国总统拜登17日在与以色列总理内塔尼亚胡通话时首次表态支持巴以双方实现停火。
(聚焦巴以冲突)拜登与以总理通话首次表态支持巴以停火
2021-05-18 10:52:36 分类: 政治法律

新华社华盛顿5月17日电(记者刘品然)美国总统拜登17日在与以色列总理内塔尼亚胡通话时首次表态支持巴以双方实现停火。
美国白宫当天发表声明说,拜登表示,以色列应尽一切努力保护无辜平民。拜登重申对以色列自卫权的坚定支持,双方还讨论了以色列在加沙对巴勒斯坦伊斯兰抵抗运动(哈马斯)等组织实施军事行动的进展。

这是拜登近一周以来第三次与内塔尼亚胡通话。另据美国务院消息,国务卿布林肯当天与突尼斯、约旦、以色列等国外长通话讨论巴以冲突问题。
这是拜登首次表态支持巴以停火。美国媒体分析说,拜登当天首次作出支持巴以停火的表态一定程度上源于民主党内部压力。多名民主党参议员16日发表联合声明,要求巴以冲突双方立即停火,以防止更多平民伤亡和冲突进一步升级。

连日来,巴勒斯坦加沙地带武装组织与以色列的严重冲突持续升级。以色列国防军和加沙地带卫生部门17日发布的数据显示,10日以来双方冲突已致以方10人死亡、百余人受伤,巴方至少198人死亡,其中包括58名儿童和35名妇女,另有1300人受伤。(完)

Photo
3月25日在美国弗吉尼亚州阿灵顿拍摄的视频画面显示,美国总统拜登在华盛顿白宫举行的记者会上讲话。新华社记者刘杰摄