Connect with us

Asia

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် ကပ်ရောဂါနှင့်သဘာဝကပ်ဘေးဒဏ်ကို ထပ်ဆင့် ရင်ဆိုင်နေရ

ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်း အပြင်းထန်ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ”တောက်တဲ့(Tauktae)”တိုက်ခတ်မှုကြောင့် ယနေ့အထိ သေဆုံးသူ အနည်းဆုံး (၁၂)ဦးရှိခဲ့သည်။တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံတွင် မေ ၁၇ ရက်က (၂၄)နာရီအတွင်း ထပ်တိုးသေဆုံးသည့် ကိုဗစ်လူနာဦးရေ (၄,၀၀၀)ကျော် ရှိခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ဆိုင်ကလုန်းမုန်တိုင်း“တောက်တဲ့”ကြောင့် အနောက်ဖက်ကမ်းရိုးတန်းပြည်နယ်များတွင် ကပ်ရောဂါအပြင် သဘာဝဘေး ပါ နှစ်ထပ်ကွမ်း ရင်ဆိုင်ကြုံတွေ့နေရသည်။

【ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း】

ဆိုက်ကလုန်းမုန်တိုင်း “တောက်တဲ့”သည် တစ်နာရီလျှင် (၁၅၅)ကီလိုမီတာမှ (၁၆၅) ကီလိုမီတာ လေတိုက်နှုန်း၊ အမြင့်ဆုံးလေတိုက်နှုန်း (၁၈၅)ကီလိုမီတာဖြင့် မေ ၁၇ ရက် ညပိုင်းအချိန်တွင် ဂူဂျာရတ်ပြည်နယ် ကုန်းမြေကို ဝင်ရောက်တိုက်ခတ်မည်ဖြစ်ကြောင်း အိန္ဒိယမိုးဇလဌာနက ကြိုတင်ခန့်မှန်းခဲ့သည်။ ဂူဂျာရတ်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းအချို့ဒေသများတွင် ရေလှိုင်း၏အမြင့် (၃)မီတာအထိ ရှိနိုင်ကြောင်း ဆိုသည်။
“ဒါက နှစ်ပေါင်း (၂၀)ကြာကာလမှာ ဂူဂျာရတ်ပြည်နယ်ကို တိုက်ခတ်ခဲ့သည့် အပြင်းထန်ဆုံး မုန်တိုင်းဖြစ်လိမ့်မယ်။ ၁၉၉၈ ခုနှစ် က Kandlarမြို့ကို ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့တဲ့ မုန်တိုင်းနဲ့တူနိုင်တယ်”ဟု ယင်းပြည်နယ် အဆင့်မြင့်အရာရှိ Pankaj Kumarက ပြောသည်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့၏ လမ်းတစ်နေရာအား မေ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယမီဒီယာ၏သတင်းများအရ ၁၉၉၈ ခုနှစ်တွင် တိုက်ခိုက်ခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် ဂူဂျာရတ်ပြည်နယ်တွင် အနည်းဆုံး (၄,၀၀၀)သေဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ဆုံးရှုံးနစ်နာမှုရှိခဲ့ကြောင်း သိရသည်။

ဂူဂျာရတ်ပြည်နယ်တွင် မေ ၁၇ ရက်က လူပေါင်း (၁၅၀,၀၀၀)နီးပါးကို ရွှေ့ပြောင်းထားပြီး Mundra ဆိပ်ကမ်းကိုလည်း ပိတ်ထားခဲ့သည်။ အနီး မဟာရာရှ်ထရာပြည်နယ်တွင်လည်း လူပေါင်း (၁၂,၅၀၀)ကို ပင်လယ်ကမ်းရိုးတန်းဒေသများက ရွှေ့ပြောင်းထားပြီး မွမ်ဘိုင်းလေဆိပ်ကို နာရီနှင့်ချီပိတ်ထားခဲ့ရသည်။
မဟာရာရှ်ထရာ၊ ဂိုအာ၊ ကာနာတာကာပြည်နယ်များတွင် အနည်းဆုံး သေဆုံးသူ (၁၂)ဦးရှိပြီး ၊ ပျောက်ဆုံးနေသည့် ငါးဖမ်းသင်္ဘော (၂၈)စီး ရှိကြောင်း ရိုက်တာ သတင်းဌာနက ဒေသခံမီဒီယာနှင့် ကမ်းခြေစောင့်အရာရှိတစ်ဦး၏ သတင်းကို ကိုးကား၍ ဖော်ပြထားသည်။

【ဆိုးဝါးသည့် ကပ်ရောဂါအခြေအနေ】

ဂူဂျာရတ်ပြည်နယ်တွင် မေ ၁၆ ရက်က ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် (၅)ကီလိုမီတာအတွင်းရှိ ဆေးရုံများမှ ကိုဗစ်လူနာအားလုံးကို ရွှေ့ပြောင်းပေးခဲ့သည်။ Pankaj Kumar၏ ပြောကြားချက်အရ ကိုဗစ်လူနာ လက်ခံကုသပေးသည့်ဆေးရုံများတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုမရှိစေရန် ယင်းဒေသတွင် အရံမီးစက် (၁,၃၈၃)လုံး တပ်ဆင်ထားပြီး ဆေးရုံများသို့ အောက်စီဂျင်ပံ့ပိုးပေးနိုင်ရန် အစိမ်းရောင်လမ်းကြောင်း (၃၅)ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ကပ်ရောဂါ ပြန့်ပွားမှုကို ကာကွယ်တားဆီးဖို့ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ Social distanceထားရှိခြင်းနှင့် ပိုးသတ်ဆေးအသုံးပြုခြင်း စသည့် ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများကို ပြည်သူများလိုက်နာကြရန် သက်ဆိုင်ရာ အရာရှိများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဂူဂျာရတ်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ (၂)ရက်ကြာ ယာယီရပ်ဆိုင်းခဲ့ရပြီး မွမ်ဘိုင်းတွင် မေ ၁၆ ရက်က ကိုဗစ်လူနာ (၅၈၀)ဦး ရွှေ့ပြောင်းပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံမှုများကို (၁)ရက် ယာယီ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

မေ ၁၇ ရက် ထုတ်ပြန်ချက်များအရ အိန္ဒိယတွင် ပြီးခဲ့သည့် (၂၄)နာရီအတွင်း ကိုဗစ်ထပ်တိုးအတည်ပြုလူနာ (၂၈၀,၀၀၀)ကျော်၊ ထပ်တိုးသေဆုံးသူ (၄,၁၀၆)ဦး ရှိကြောင်း သိရသည်။ သန်းနှင့်ချီသည် အိန္ဒိယလူမျိုးများက ကိုဗစ်ရောဂါလှိုင်း၏ဘေးဒုက္ခကို ခါးစည်းခံနေရချိန်တွင် မုန်တိုင်းကြောင့် ကြောက်စရာကောင်းသော နှစ်ထပ်ဆင့် ဘေးဒဏ်ရိုက်ခတ်မှုကို ခံလိုက်ရကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေအသင်းနှင့်လခြမ်းနီအသင်း အဖွဲ့ဝင် Udaya Regmiက ဆိုသည်။

“ဒါကအထူးအခြေအနေတစ်ရပ်ပါ။ အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ စိန်ခေါ်မှုကို စီးချင်းထိုးရင်ဆိုင်နေရတယ်။ အခု ဆိုင်ကလိုင်းမုန်တိုင်းရဲ့ရိုက်ခတ်မှုကို ထပ်တစ်ဖန်ရင်ဆိုင်ရပြန်ပြီ ”ဟု ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် Vijay Rupani က ဆိုသည်။
——————————————————-
(Chinese Version)

气旋来袭 印度西海岸面临抗疫抗灾双重压力

新华社北京5月18日电(记者刘秀玲)印度西海岸遭20多年来最严重的热带气旋“陶特”袭击,迄今已有至少12人丧生。

与此同时,依据印度卫生部17日公布的数据,印度过去24小时新增新冠死亡病例超过4000例,“陶特”令西海岸多个邦承受抗疫抗灾双重压力。
气旋强

印度气象局预报“陶特”将于当地时间17日晚些时候在古吉拉特邦登陆,风速为每小时155公里至165公里,最大风速可达185公里。古吉拉特邦沿海部分地区浪高可能达到3米。

图说1: 5月16日,一名男子在印度普拉亚格拉杰接受新冠病毒检测取样。(新华社发)
“这将是至少20年以来袭击古吉拉特邦的最强气旋,”该邦高级官员潘卡杰•库马尔说,“堪比1998年重创根德拉市的气旋。”印度媒体报道,1998年那场热带气旋导致古吉拉特邦至少4000人丧生,经济损失达数百万美元。

古吉拉特邦17日转移将近15万名民众,蒙德拉港口当天关闭。在邻近的马哈拉施特拉邦,大约1.25万人从沿海地区转移,孟买机场一度关闭数小时。
路透社援引当地媒体和海岸官员的消息报道,马哈拉施特拉邦、果阿邦和卡纳塔克邦报告至少12人死亡,另有28艘渔船失联。
疫情重
古吉拉特邦16日将距离海岸线5公里以内医院所有新冠病人转移。按库马尔的说法,为确保收治新冠患者的医院不断电,当地已安装1383个备用发电机,开辟35个向医院供应氧气的绿色通道。

为防止疫情在避难所蔓延,防疫官员将监督民众遵守防疫措施,如佩戴口罩、保持社交距离和使用消毒液。
受“陶特”影响,古吉拉特邦暂停新冠疫苗接种两天;孟买16日转移580名新冠患者,暂停接种疫苗一天。

印度17日报告过去24小时新增新冠确诊病例超过28万例,新增死亡病例4106例。红十字会与红新月会国际联合会成员乌达亚•雷格米说,数以百万计印度人遭受新冠疫情所致痛苦的同时,“陶特”给他们带来“可怕的双重打击”。
古吉拉特邦首席部长维贾伊•鲁帕尼说:“这是特殊情况。政府忙于应对新冠病毒挑战,现在又要准备应对气旋影响。”

 

图说1:5月16日,一名男子在印度普拉亚格拉杰接受新冠病毒检测取样。(新华社发)
图说2:5月15日在印度海得拉巴拍摄的宵禁下空空荡荡的街头。(新华社发)