Connect with us

Asia

အာဆီယံနိုင်ငံများနှင့်ပူးပေါင်း၍ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို စောင့်ကြည့်သွားရန် လာအို ကတိပြု

ဇီကာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားစေသည့် ခြင်ကျားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံအစိုးရသည် ဇီကာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်၍ ကမ္ဘာအရပ်ရပ် နှင့် ဒေသတွင်း အခြေအနေများအား စောင့်ကြည့်သွားရန် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ ရှေ့ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လာအိုနိုင်ငံပိုင် Vientiane Times က စက်တင်ဘာ ၂၁ရက်တွင် ဖော်ပြခဲ့သည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး Bounkong Syhavong က ၎င်းသည် ဒေသတွင်း၌ ဇီကာဗိုင်းရပ်စ် ၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်း (ASEAN) နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ နှင့် ဗွီဒီယို အစည်းအဝေးကျင်းပစဉ် ယင်းကိစ္စရပ်အား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ၁၉ ရက်က ဗီယင်ကျန်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။
Bounkong က လာအိုအစိုးရ၏ကိုယ်စား ၎င်းက ဇီကာဗိုင်းရပ်စ်ပိုး ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း နှင့် ပြန်လည်တုံ့ပြန်ခြင်း လုပ်ငန်းများတွင် အာဆီယံနိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်ပြုပါကြောင်းပြောကြားခဲ့သည်။ လာအိုနိုင်ငံတွင် လူမသိသေးသည့် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်မှုများရှိနေကြောင်း သိရသည်။
၎င်းက အရေးပေါ်ဆက်သွယ်နိုင်ရန်အတွက် ဝန်ကြီးဋ္ဌာန သည် ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အရေးပေါ်ဖုန်းလိုင်း ၁၆၆လိုင်း နှင့် စာပို့စနစ်များကို အများပြည်သူများ နှင့် အထူးသီးသန့်အုပ်စုများထံ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာအိုနိုင်ငံတွင် ၂၀၁၃ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း ဓါတ်ခွဲခန်းများ၌ ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိမှု ၁၈ခုရှိခဲ့သော်လည်း ထိုအချိန်မှစ၍ ယခုအချိန်အထိ ကူးစက်မှုထပ်မံမတွေ့ရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.