Connect with us

Asia

အင်ဒိုနီးရှား အနောက်ပိုင်းတွင် ရေကြီးမြေပြိုမှုကြောင့် ၁ဝ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော မြေပြိုမှုတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ အနောက်ဂျာဗားပြည်နယ်၌ စက်တင်ဘာလ ၂ဝ ရက် ညပိုင်း နှင့် စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအတွင်း ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦးသေဆုံးပြီး ၃ဝ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ၊ အခြား လူ ၃ ဦးမှာ ပျောက်ဆုံးလျက် ရှိကြောင်း နှင့် ရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ရေကြီးမှုသည် စက်တင်ဘာလ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်နှစ်ခုအတွင်းမှ ရေများသည် အပြင်ထိ လျှံကျလာသဖြင့် Garut ခရိုင်အတွင်းရှိ နေရာအတော်များများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် အေဂျင်စီမှ ပြောရေးဆိုခွင့် ရှိသူက ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။
ရေကြီးမှုဖြစ်စဉ်အတွင်း လူပေါင်း ၈ ဦးမှာ သေဆုံးသွားပြီး ၃ဝ ဦးမှာ ထိခိုက်ဒဏ်ရာရသွားကြောင်း နှင့် အခြားတစ်ဦးမှာ ရေစီးနှင့်အတူ ပျောက်ဆုံးနေကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် Sumedang ခရိုင်တွင် စက်တင်ဘာလ ၂ဝ ရက် ည ၁ဝ နာရီခန့်တွင် အချိန် ၂နာရီ နီးပါး ဖြစ်ပွားခဲ့သော မြေပြိုမှုဖြစ်စဉ်တွင် လူ နှစ်ဦးသေဆုံးပြီး ၊ အခြား နှစ်ဦးမှာပျောက်ဆုံးလျက် ရှိကြောင်း Sutopo က ပြောသည်။
ပျောက်ဆုံးနေသူများကို ရှာဖွေရန် စစ်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ဒေသဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ရေကြီးမှုကြောင့် ရာပေါင်းများစွာသော ပြည်သူများကို နီးစပ်ရာ အစိုးရရုံးများ နှင့် စစ်တပ်ဝင်းများသို့ပြောင်းရွှေ့နေရာချထားပေးရကြောင်း Sutopo ကဆက်ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.