Asia
အာဆီယံ၊ အာရှ ပစိဖိတ် နိုင်ငံများနှင့် ဆက်ဆံရေး အရေးပါမှုအား ဖိလစ်ပိုင် မီးမောင်းထိုးပြ

မနီလာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လေးရက်တာ ချစ်ကြည်ရေး ခရီးစဉ်မှ မတ်လ ၂၃ ရက်အစောပိုင်း၌ ဖိလစ်ပိုင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် အာဆီယံနှင့် အာရှ ပစိဖိတ် နိုင်ငံများ အကြား ဆက်ဆံရေးမှာ ဖိလစ်ပိုင်အတွက် အရေးပါကြောင်း မီးမောင်းထိုး ပြောကြားခဲ့ကြောင်း သိရသည်။
ဒူတာတေးက ၎င်း၏ ခရီးစဉ်များမှာ အကျိုးအမြတ် အောင်မြင် ဖြစ်ထွန်းသည့် ခရီးစဉ် ဖြစ်ခဲ့ကြောင်း၊ မြန်မာ၊ ထိုင်းနိုင်ငံတို့နှင့် ဖိလစ်ပိုင်နိုင်ငံ အနာဂတ် ဆက်ဆံရေးအတွက် ကောင်းမွန်သော အသိပညာကို ရရှိစေကြောင်း Ninoy Auini အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ ရပ်တည်ချက်သည် အာဆီယံနှင့် အာရှ ပစိဖိတ် နိုင်ငံများအပေါ် တည်မှီနေကြောင်းလည်း ဒူတာတေးက ထည့်သွင်း ပြောကြားခဲ့သည်။
“ချစ်ကြည်ရေး ခရီးစဉ် နှစ်ခုလုံးမှာ နိုင်ငံ သမ္မတများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ ဒေသတွင်းနဲ့ ၃၀ ကြိမ်မြောက် အာဆီယံ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင် တာဝန်ယူခြင်း စတဲ့ ကိစ္စရပ်တွေ သိရှိခဲ့ရလို့ ကျွန်တော့်အတွက် အရေးကြီးပါတယ်” ဟု ဒူတာတေးက ပြောသည်။
ထို့ပြင် အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအတွက် မြန်မာနှင့် ထိုင်း နိုင်ငံတို့၏ ထောက်ပံ့မှုများ လက်ခံ ရရှိခဲ့ကြောင်းလည်း ဒူတာတေးက ထည့်သွင်းပြောကြားခဲ့သည်။
ဒူတာတေးက ၎င်းအနေဖြင့် ယခုနှစ်၏ အာဆီယံ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်က တာဝန်ယူခဲ့သလို အာဆီယံအား ပိုမို ခိုင်မာစေရန်အတွက် ဖိလစ်ပိုင်၏ ရှေ့ပြေးနှင့် ဦးစားပေးချက်များအား တင်ပြခဲ့ကြောင်း၊ အာဆီယံထံမှလည်း ရရှိမည့် အကျိုးကျေးဇူးများမှာ လူချမ်းသာများအတွက်သာ မဖြစ်စေဘဲနှင့် အခြေခံ ပြည်သူများအထိပါ သက်ရောက်စေရန် အစိုးရက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)