Connect with us

Asia

ဂျပန် နိုင်ငံ က စုံစမ်းထောက်လှမ်းရန် သူလျှိုဂြိုဟ်တု လွှတ်တင်ခြင်းသည် မြောက်ကိုးရီးယားနိုင်ငံ အား ကျူးကျော်လိုသော စိတ်ထားကိုပေါ်လွင်စေကြောင်း ပြောကြား

မတ်လ ၁၇ ရက်နေ့၌ ဂျပန်နိုင်ငံ အာကာသ စင်တာ မှ လွှတ်တင်ခဲ့သည့် H2A ဒုံးကျည် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ က လတ်တလော ရက်ပိုင်းတွင် မြောက်ကိုးရီးယား နိုင်ငံ ကို စုံစမ်းထောက်လှမ်းမှုများ ပိုမိုလုပ်ဆောင်ရန်အတွက် သူလျှိုဂြိုဟ်တု လွှတ်တင်ခဲ့ခြင်းသည် မြောက်ကိုးရီးယား နိုင်ငံ ကို ထပ်မံကျူးကျော် လိုသော စိတ်နေသဘောထား ကိုပေါ်လွင်စေကြောင်း မြောက်ကိုးရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂၂ ရက်၌ ပြောကြား ခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံပိုင်သတင်းဌာန ၏ ဖော်ပြချက်အရ မတ်လ ၁၇ ရက်နေ့၌ ဂျပန်နိုင်ငံ သည် ကာဂိုရှီးမား စီရင်စု Tanegashima ကျွန်းရှိ အာကာသ စင်တာ မှ H2A ဒုံးကျည်ဖြင့် ဂြိုဟ်တု တစ်စင်းကို လွှတ်တင်ခဲ့ကြောင်း ၊ ဂျပန် နိုင်ငံ အစိုးရ က ယခုလွှတ်တင်ခဲ့သော ဂြိုဟ်တု သည် မြောက်ကိုးရီးယား နိုင်ငံ ၏ တာဝေးပစ် ဒုံးကျည်များ ပစ်လွှတ်ခြင်းနှင့် ပတ်သက်၍ သတင်းအချက်အလက် များစုံစမ်းစုစည်းရန် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အမှန်တွင် ထိုဂြိုဟ်တု သည် သူလျှိုဂြိုဟ်တု တစ်စင်း ပင်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ပြောရေးဆိုခွင့်ရှိသူက ဂျပန် နိုင်ငံ ၏ ယခုကဲ့သို့သော ဂြိုဟ်တု လွှတ်တင်မှု ဆောင်ရွက်ခြင်းသည် စစ်ရေးနိုင်ငံတော် မူဝါဒ ၏ စီစဉ်မှုများ၏ ဆောင်ရွက်ချက် တစ်ခုသာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဂျပန် နိုင်ငံ အာကာသ စူးစမ်းလေ့လာရေး အဖွဲ့အစည်း မှ Rader-5 သတင်းအချက်အလက် စုဆောင်းရေး ဂြိုဟ်တု ကို သတ်မှတ် အာကာသ လမ်းကြောင်း သို့အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.