Asia
အာဖဂန်သမ္မတရွေးကောက်ပွဲ ဒုတိယအကြိမ် ထပ်မံရွှေ့ဆိုင်း
ကဘူးလ် ၊ မတ် ၂၁ ရက် (ဆင်ဟွာ)
အာဖဂန်လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်(IEC) က နိုင်ငံ၏ စတုတ္ထအကြိမ်မြောက် သမ္မတရွေးကောက်ပွဲကျင်းပမည့် ရက်အသစ်ကို ယခုနှစ် စက်တင်ဘာ ၂၈ ရက်သို့ပြောင်းရွေ့သတ်မှတ်လိုက်ကြောင်း IEC က မတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ IEC ကော်မရှင်အသစ်က လာမယ့်ရွေးကောက်ပွဲကို စက်တင်ဘာ ၂၈ မှာ ကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်” ဟု ရွေးကောက်ခံ IEC ကော်မတီသစ် ဥက္ကဋ္ဌ Hawa Alam Nuristani က သတင်းသမာများအားပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲကော်မရှင်IEC က ဧပြီ ၂ဝ ရက်တွင် ကျင်းပရန် မူလက သတ်မှတ်ထားခဲ့သော်လည်း ဇူလိုင် ၂ဝ ရက်အထိ နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရသည်။
IEC ကော်မရှင်အသစ်အနေဖြင့် ရွေးကောက်ပွဲတစ်ခုကို ကောင်းမွန်စွာကျင်ပနိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ယခုကဲ့သို့ကျင်းပမည့် ရက်စွဲအသစ်ကို ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နှင့် အာဖဂန်လွှတ်တော်ရွေးကောက်ပွဲကို အောက်တိုဘာ ၂ဝ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ဇယားအသစ်ကို မကြာခင်ထုတ်ပြန်ပေးသွားမှာပါ” ဟု IEC အကြီးအကဲက ပြောကြားခဲ့သည်။
လာမည့်ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုရှိရှိကျင်းပနိုင်ရန် အာဖဂန်သမ္မတ Ashraf Ghani သည် ယခင်ရွေးကောက်ပွဲကော်မရှင်ဟောင်းကို ဖျက်သိမ်းကာ ကော်မတီသစ် ဖွဲ့စည်းပြီး ရွေးကောက်ပွဲဥပဒေအချို့ကို ပြင်ဆင်ပေးရန် ဖေဖော်ဝါရီလက အတည်ပြုပေးခဲ့သည်။
ယခုနှစ်ရွေးကောက်ပွဲသည် စိန်ခေါ်မှုများဖြင့် ကြုံတွေ့ဖွယ်ရှိကြောင်း အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် Ghani သည် ယခုလအစောပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ အေဂျင်စီနှစ်ခုအတွက် အဖွဲ့ဝင်သစ်များကို ထပ်မံ ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။(Xinhua)