Connect with us

Asia

အိန္ဒိယပုဂ္ဂလိကဂျက်လေကြောင်းလိုင်းမှ လေယာဉ်မှူးများ သပိတ်မှောက်မည်ဟု ခြိမ်းခြောက်

အိန္ဒိယလေကြောင်းမှ ဂျက်လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ပုဂ္ဂလိကလေကြောင်းလိုင်း “Jet Airways” မှ လေယာဉ်မှူးများသည် မတ် ၃၁ ရက် နောက်ဆုံးထား၍ ၎င်းတို့၏ လစာများကို အပြည့်အဝ ပေးချေသွားခြင်းမရှိပါက လာမည့် ဧပြီ ၁ ရက် မှစတင်ကာ လေကြောင်းလိုင်းအား သပိတ်မှောက်သွားမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။

အဆိုပါ ပုဂ္ဂလိက လေကြောင်းလိုင်းသည် အကြွေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိနေပြီး ဝန်ထမ်းများအတွက် လုပ်ခ လစာငွေပေးရန် လပေါင်းများစွာ ရုန်းကန်နေရကြောင်း သိရသည်။

၎င်းတို့လေကြောင်းလိုင်းအနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်းများစွာကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း ၊ အိန္ဒိယရူပီးငွေတန်ဖိုးကျဆင်းမှု နှင့် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် နိုင်ငံအတွင်းရှိ အခြား ဈေးနှုန်းနိုမ့်လေကြောင်းလိုင်း(Low-cost) များနှင့် အပြင်းအထန်ပြိုင်ဆိုင်နေရကြောင်း သိရသည်။

လက်ရှိအချိန်ထိ လေယာဉ် အစင်းပေါင်း ၄ဝ ကို ပျံသန်းမှု ရပ်နားထားခဲ့ရပြီဖြစ်ကြောင်း သိရသည်။

“ ရှေ့ဆက်သွားဖို့ဖြေရှင်းမယ့် နည်းလမ်းအစီအစဉ် နဲ့ကုမ္ပဏီရဲ့ အနာဂတ်အခြေအနေကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း အသိပေးရမှာပါ။ အဲဒီလိုမှမဟုတ်ရင်တော့ အလုပ်တာဝန်တွေကို ရပ်နားထားဖို့ကျွန်တော်တို့ဆုံးဖြတ်ရပါလိမ့်မယ် ” ဟု အိန္ဒိယနိုင်ငံလေကြောင်းပျံသန်းမှုအဖွဲ့ဒုတိယဥက္ကဋ္ဌ လေယာဉ်မှူးကြီး Asim Valiani ၏ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

မတ် ၁၉ ရက်က လေယာဉ်အချို့ပျံသန်းမှု ရပ်နားလိုက်ပြီးနောက်တွင် အိန္ဒိယအစိုးရက အရေးပေါ်အစည်းအဝေးခေါ်ယူကာ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့သည်။

၂ဝ၁၈ခုနှစ် မတ်လက တစ်ရက်လျှင် ပျံသန်းမှု ခရီးစဉ်ပေါင်း ပျမ်းမျှ ၆၅ဝ ရှိခဲ့ရာမှာ လက်ရှိတွင် Jet Airways အနေဖြင့် တစ်ရက်လျင် လေယာဉ် ခရီးစဉ်ပျံသန်းမှုပေါင်း ၁၄ဝ သာရှိတော့ ကြောင်း အိန္ဒိယမြို့ပြလေကြောင်းပျံသန်းရေး ညွှန်ကြားရေးမှူးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.