Connect with us

Asia

အာဖဂန် ဆေးရုံဗုံးကျဲမှုတွင် သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း ကွန်ဒက်ဇ်မြို့ရှိ နယ်စည်း မထား ဆရာဝန်များ အဖွဲ့ (MSF) ဆေးရုံအား အမေရိကန် ၏ လေကြောင်း တိုက်ခိုက် ခံရပြီးနောက် ထိတ်လန့် ကြောက်ရွံ့နေသော ဆရာဝန်တစ်ဦး (ဓာတ်ပုံ-MSF)

ကဘူးလ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း က ကွန်ဒက်ဇ်မြို့ရှိ နယ်စည်း မထား ဆရာဝန်များ အဖွဲ့ (MSF) မှ ထောက်ပံ့မှု ပေးနေသော ဆေးရုံ အား စနေနေ့ အစောပိုင်းတုန်းက အမေရိကန် လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၇ ဦးအထိရှိ လာပြီဖြစ်ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကပြောသည်။

တာလီဘန် စစ်သွေးကြွများ၊ အကြမ်းဖက် သမားများ နှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် အာဖဂန်စစ်တပ် သို့ ထောက်ပံ့ပေးနေသော အမေရိကန်စစ်တပ် မှ ယင်းအကြောင်းအရာ နှင့် ပတ်သက် ၍ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

“ဝန်ထမ်း ၁၂ ဦး နဲ့ ကလေးများအပါအဝင် အနည်းဆုံး လူနာ ၇ ဦး သေဆုံးသွားခဲ့တယ်၊ ဝန်ထမ်း ၁၉ ဦး အပါအဝင် လူပေါင်း ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်၊ ဒီတိုက်ခိုက်မှုဟာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေကို စိုးရိမ်ဖွယ် ချိုးဖောက်မှု တစ်ခုလဲဖြစ်တယ်” ဟု MSF က ကြေညာချက်ထဲ ၌ ပြောထားသည်။

စာရင်းတွင် မပါဝင်သေး သော လူနာများ နှင့် ဝန်ထမ်းတွေလည်း ကျန်ရှိနေသေးကြောင်း နှင့် ယင်းဗုံးကျဲ တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် သည်လည်း ဆက်လက် မြင့်တက်လာ နိုင်ဦးမည် ဟု ကြေညာချက်က ဆိုပါသည်။

ထို မတော်တဆမှု ဖြစ်ပွားပြီးနောက် အာဖဂန် သမ္မတ အာဆတ် ဂါနီကလည်း ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ကွန်ဒက်ဇ် တွင် သေဆုံးခဲ့ရသော ဆရာဝန်များ အတွက်လည်း ဝမ်းနည်းကြောင်း ပြောကြားထားသည့် ကြေညာ ချက်အား သမ္မတ နန်းတော် မှ ယင်းနေ့ အစောပိုင်းက ထုတ်ပြန်ခဲ့သည်။

ထို ဗုံးကျဲတိုက်ခိုက်မှုအား MSF မှ ရှုံ့ချထားသည်။ ကဘူးလ် နှင့် ဝါရှင်တန် အပါအဝင် ပဋိပက္ခ နှင့် ပါဝင်ပတ်သက် နေသော အဖွဲ့အစည်းများ အားလုံး သို့ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း လုပ်ပေးရန် ဆန္ဒပြုထားပြီး ကွန်ဒက်ဇ် ရှိ MSF ၏ ဆေးရုံ၊ ဧည့်ဂေဟာ၊ ရုံးခန်းများ နှင့် အထောက်အကူပြု နေရာများ၏ တည်နေရာများကို အတိအကျ သတင်းပေးထားပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကဘူးလ် နှင့် ကီလိုမီတာ ၂၅၀ အကွာတွင်ရှိသော ကွန်ဒက်ဇ်မြို့၏ အဓိက အစိတ်အပိုင်း များကို တာလီဘန် စစ်သွေးကြွများ က တနင်္လာနေ့တွင် သိမ်းပိုက်ခဲ့ပြီး အစိုးရစစ်တပ် မှ တန်ပြန် တိုက်ခိုက်မှုများ အား ကြာသပတေးနေ့တွင် စတင်ခဲ့ကြောင်း၊ ယခု အချိန်ထိ တာလီဘန် စစ်သွေးကြွ ရာပေါင်းများ စွာ သေဆုံးခဲ့ကြောင်း ကွန်ဒက်ဇ် ရဲများက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.