Connect with us

Asia

တရုတ် နိုင်ငံ မှ အင်ဒိုနီးရှား ဂျာကာတာ-ဘန်ဒန် အမြန်ရထား လမ်း စီမံကိန်း ၏ တစ်ဦးတည်း ပြိုင်ဆိုင်သူ ဖြစ်လာခဲ့

တရုတ် နိုင်ငံ မှ ကျဉ်ဆံ ရထား တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျာကာတာ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံတော်ပိုင် လုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး Rini Sumarno မှ အောက်တိုဘာ လ ၁ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံတော်ပိုင် လုပ်ငန်း အဖွဲ့ချုပ် နှင့် တရုတ် နိုင်ငံတော် ပိုင် လုပ်ငန်း တို့မှ ဂျာကာတာ-ဘန်ဒန် အမြန်ရထား လမ်း စီမံကိန်း နှင့်ပတ်သက်၍ ဆွေးနွေးမှု များ ဆက်လျက် ဆောင်ရွက်နေပြီး ယခု ချိန်တွင် တရုတ် နိုင်ငံ သည် တစ်ဦးတည်းသော ပြိုင်ဆိုင်သူ ဖြစ်လာ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Rini မှ ဆင်ဟွာ သတင်းဌာန ၏ အင်တာဗျူ အားဖြေကြား ရာတွင် အင်ဒိုနီးရှား နိုင်ငံတော်ပိုင် လုပ်ငန်း ၄ ခု ဖြင့် ဖွဲ့စည်းထားသော စုပေါင်း အဖွဲ့သည် တရုတ် နိုင်ငံ အမြန်ရထားလမ်း တည်ဆောက်ရေး ရုံးချုပ် နှင့် ပူးပေါင်း၍ စုပေါင်းရင်းနှီးမြှုပ်နှံသည့် ဂျာကာတာ-ဘန်ဒန် အမြန်ရထား လမ်း စီမံကိန်း ဆွေးနွေးမှုသည် ဆက်လျက်ဆောင်ရွက်နေသော်လည်း တရုတ် နိုင်ငံ မှ ဤ စီမံကိန်း အား ရရှိရန် နီးစပ် နေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တည်ဆောက်ရေး ဆိုင်ရာ အစီအစဉ် များကို သီးခြားစီ ပေးအပ် ခဲ့သည် သို့သော် ဂျပန် နိုင်ငံ မှ တင်ပြ ခဲ့သည့် တည်ဆောက်ရေး ဆိုင်ရာ အစီအစဉ် သည် အင်ဒိုနီးရှား နိုင်ငံ ၏ ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အချက်အလက် များ နှင့် မကိုက်ညီ သောကြောင့် ပယ်ချ လိုက်သည်ဟု ဂျပန် နိုင်ငံ ရှိ မီဒီယာ များမှ ထုတ်ပြန် ခဲ့ကြသည်။ Rini မှ စီမံကိန်း နှင့် ပတ်သက်၍ ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပုံစံ ကို အဓိက ထားသောကြောင့် အင်ဒိုနီးရှား နိုင်ငံ မှ ယခု ဆုံးဖြတ်ချက်ကို ပြုလုပ် ခဲ့ရခြင်း ဖြစ်ကြောင်း အထူးပြောကြား ခဲ့ပြီး တရုတ် နိုင်ငံ ၏ အစီအစဉ် သည် အင်ဒိုနီးရှား နိုင်ငံ ၏ ငွေကြေးဆိုင်ရာ အချက်အလက် များ နှင့် ကိုက်ညီမှု ရှိပြီး ဂျပန် နိုင်ငံ ၏ အစီအစဉ် တွင် အင်ဒိုနီးရှား နိုင်ငံ အစိုးရ အား စီမံကိန်း ချေးငွေ အတွက် အာမခံ ထားရှိရန် တောင်းဆို သဖြင့် ပယ်ချ ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ တွင် သတင်းထောက် တစ်ဦးမှ ဂျပန် နိုင်ငံ သည် အင်ဒိုနီးရှား နိုင်ငံအား စီမံကိန်း နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု နှင့် တရားမျှသမှု မရှိဟု ဝေဖန်ခဲ့သည့် အပေါ် မေးမြန်းခဲ့ရာတွင် Rini မှ အင်ဒိုနီးရှား နိုင်ငံ အစိုးရ အနေဖြင့် စီမံကိန်း နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု နှင့် တရားမျှသ မှု အပြည့်အဝ ရှိကြောင်း ၊ အနာဂတ် တွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့နှင့် ကောင်းမွန်သည့် ကုန်သွယ်ရေး ပူးပေါင်းဆက်ဆံမှု ရရှိရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)