Connect with us

Asia

အာဖဂန် ဗလီကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံတွင် ဗုံးခွဲတိုက်ခိုက်ခံရသည့် ဗလီကျောင်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနန်ဂါဟာပြည်နယ်ရှိ ဗလီကျောင်းတစ်ခုတွင် ယနေ့ (ဒီဇင်ဘာလ ၈ ရက်) ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီ ပေါက်ကွဲမှုက မူဟမ်ဒါရာခရိုင်အစွန်က ဟာဇာနော်နယ်မြေရှိ Sultan Khel ဗလီမှာ နေ့လည်လောက်က ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ဝတ်ပြုဆုတောင်းရာမှာ ဦးဆောင်သူက နေရာမှာပဲ ပွဲချင်းပြီး သေသွားခဲ့ပြီး အခြား အရပ်သား ၈ ဦးလဲ ဒဏ်ရာရရှိခဲ့တယ်” ဟု အတ်တူလာ ခိုရန်နီက ဆင်ဟွာသို့ ပြောသည်။

ဒဏ်ရာရသူများအား ပါကစ္စတန်နှင့် နယ်စပ် ခရိုင်ရှိ ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရှိရသေးပေ။၂၀၁၇ ခုနှစ် ပထမ ကိုးလအတွင်း ပဋိပက္ခနှင့် ဆက်စပ်မှုရှိသော တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၆၄၀ ဦး သေဆုံးခဲ့ပြီး ၅၃၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂရုံးမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.