Connect with us

Asia

အိန္ဒိယနိုင်ငံရှိ ပညာရေးအဖွဲ့ အလိမ်အညာတစ်ဖွဲ့အား ရဲတပ်ဖွဲ့ဝင်စီး၊ ၆ ဦး ဖမ်းဆီးခံရ

ပညာရေးအလိမ်အညာအဖွဲ့ တစ်ဖွဲ့အား အိန္ဒိယ တပ်ဖွဲ့က ဖမ်းဆီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနို်င်ငံ နယူးဒေလီမြို့တွင် လုပ်ကိုင်နေသော ပညာရေးအလိမ်အညာအဖွဲ့ တစ်ဖွဲ့အား ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၈ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ သံသယရှိသူ ၆ ဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။

“စွပ်စွဲခံရသူတွေက Shahdara နယ်မြေမှာ ၂၀၁၂ ခုနှစ်ကတည်းက အလယ်တန်းကျောင်း ပညာရေးအဖွဲ့အဖြစ် လိမ်ညာလုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်” ဟု ဒေလီ ရဲတပ်ဖွဲ့ ဒုတိယ ရဲမင်းကြီး နူပါပရာဆတ်က မီဒီယာသို့ ပြောကြားခဲ့သည်။ဖမ်းဆီးခံ သံသယရှိသူများ ပိုင်ဆိုင်သော အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ ပညာရေးအဖွဲ့နှင့် တက္ကသိုလ် ၁၇ ခု၏ ပညာရေးကြော်ငြာ ၁၅၀၀၀ ခုအား ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။

ကျောင်းသားများ၏ ငွေကြေးများအား လိမ်လည်ရယူခဲ့ကြောင်း တိုင်းကြားစာများစွာ ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီးနောက် အဆိုပါ ပညာရေးအဖွဲ့ အလိမ်အညာအား ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ယင်း ပညာရေးအဖွဲ့ အလိမ်အညာသည် အိန္ဒိယနိုင်ငံ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဋ္ဌာနမှ အသိအမှတ်ပြုထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။“အိန္ဒိယနိုင်ငံတွင် ပညာရေးအလိမ်အညာအဖွဲ့ကဲ့သို့သော အဖွဲ့များက ကျောင်းသား လူငယ်များ၏ ဘဝကို လိမ်လည်မှုများအား ဆန့်ကျင်တိုက်ဖျက်ရမည်ဟု စည်းကမ်းတင်းကျပ်ထားပါတယ်” ပညာရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117