Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
အိန္ဒိယဆရာဝန် လူနာ၆ ဦးအား ဆေးထိုးသတ်ခဲ့ဟုဆို - Xinhua News Agency
Connect with us

Asia

အိန္ဒိယဆရာဝန် လူနာ၆ ဦးအား ဆေးထိုးသတ်ခဲ့ဟုဆို

ဆေးထိုးအပ်ထဲသို့ဆေးသွင်းနေပုံအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ လူနာ ၆ ဦးအား ဆေးထိုးသတ်ပြီး ၎င်းတို့၏ရုပ်အလောင်းများအား ယာတောအိမ်ခြံဝင်းအတွင်း မြှုပ်နှံထားခဲ့သည့် ဆရာဝန်တစ်ဦးအား ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သြဂုတ်၁၆ ရက်တွင် ပြောသည်။

မကြာသေးမီက ပျောက်ဆုံးသွားခဲ့ကြသူများအား စုံစမ်းရာမှတဆင့် အသက် ၄၂ နှစ်အရွယ်ရှိ Santosh Pol အမည်ရ ဆရာဝန်တစ်ဦးကို Maharashtra ပြည်နယ်၌ဖမ်းဆီး လိုက်ခြင်းဖြစ်သည်။
ကနဦးစစ်ဆေးချက်များအရ Pol သည် လူနာခြောက် ဦးအား သေစေလောက်သည့် ဆေးရည်များထိုးသွင်း၍ သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ၎င်းတို့အနက် ၅ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဝင်များသည် Pol ၏ ယာတောအိမ်ခြံဝင်းအတွင်းမှ ရုပ်အလောင်း ၄ လောင်းကိုတူးဖော်တွေ့ရှိခဲ့သော်လည်း ယင်းတို့မှာ ဆရာဝန်ထွက်ချက်ပေးထားသူများဟုတ်/မဟုတ် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ သူ့ကို စစ်ဆေးတုန်းက သူထွက်ချက်အမျိုးမျိုးပေးနေတယ်။ ကျွန်တော်တို့အတွက် အဖြစ်မှန်ကို ဖော်ထုတ်ဖို့ခက်ခဲပါတယ်” ဟု ရဲစုံစမ်းရေးမှူး Padmakar Ghanvat ကပြောသည်။
Pol လူသတ်ရာတွင် အကူအညီပေးခဲ့ကြောင်း သံသယရှိသဖြင့် ၎င်းအတွက် အလုပ်လုပ်ပေးနေသည့် သူနာပြုဆရာမ တစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.