Connect with us

Asia

ဆီတင်သင်္ဘောတစ်စီး ပြန်ပေးဆွဲခံရကြောင်း မလေးရှားအာဏာပိုင်များပြောကြား

မလေးရှား ဆီတင်သင်္ဘော MT Vier Harmoni အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဆီတင်သင်္ဘောတစ်စီးသည် မလေးရှားဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် ပြန်ပေးဆွဲခံရသည်ဟု ယုံကြည်ရကြောင်း အာဏာပိုင်များက သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ရေကြောင်းဆိုင်ရာ ဥပဒေစိုးမိုးရေး အေဂျင်စီက သြဂုတ် ၁၆ ရက် နေ့လည်ပိုင်းကတည်းက ဆီတင်သင်္ဘော MT Vier Harmoni ပျောက်ဆုံးနေကြောင်း သတင်းရရှိခဲ့ပြီး သြဂုတ် ၁၇ ရက် အစောပိုင်း၌ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီတင်သင်္ဘော သည် မပျောက်ဆုံးမီက မလေးရှားနိုင်ငံ တောင်ပိုင်း Johor ပြည်နယ် ရှိ မလေးရှားဆိပ်ကမ်း တစ်ခုမှ ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့ပြီး ၎င်းအား အင်ဒိုနီးရှားနိုင်ငံ Batam ကျွန်းများဆီသို့ ဆွဲခေါ်သွားသည်ဟု ယူဆရကြောင်း အေဂျင်စီကပြောသည်။
အေဂျင်စီ၏ သတင်းရင်းမြစ်များက Batam ကျွန်းများ အနီးရှိ ပင်လယ်ရေပြင်တွင် သင်္ဘောရှိနေသည်မှာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့သည်။
ယင်း ဆီတင်သင်္ဘောသည် မလေးရှား ရင်းဂစ် ၁.၅၇ သန်း (အမေရိကန်ဒေါ်လာ ၃၉၀,၀၀၀) တန်ဖိုးရှိသည့် ဒီဇယ်ဆီ လီတာပေါင်း ၉၀၀,၀၀၀ တင်ဆောင်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.