Connect with us

Asia

အိန္ဒိယတရားရုံးက ဂုရုကြီး တစ်ဦးအား သတင်းသမား သတ်ဖြတ်မှုဖြင့် ပြစ်မှု ထင်ရှားကြောင်း ပြော

အိန္ဒိယ နိုင်ငံ၌ ဂုရုကြီးဟု ခံယူထားသူ Singh အား တွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

အဓမ္မ ပြုကျင့်မှု စွပ်စွဲချက်ဖြင့် အကျဉ်းကျခံနေရသော ၎င်းကိုယ်ကို ဂုရုကြီးဟု ခံယူထားသူ Gurmeet Ram Rahim Singh ဆိုသူအား လွန်ခဲ့သည့် ၁၆ နှစ်က သတင်းသမား တစ်ဦးကို သြတ်ဖတ်မှု အတွက် ပြစ်မှု ထင်ရှားကြောင်း အိန္ဒိယ နိုင်ငံ အထူး တရားရုံး တစ်ရုံးက ထုတ်ဖော် ပြောကြားလိုက်သည်။

ဂရုကြီး Singh သည် ၎င်းနေထိုင်ရာ အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Haryana ပြည်နယ် Sirsa ခရိုင် အတွင်းရှိ “Dera Sacha Sauda” ရိပ်သာ၌ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်းကို သတင်းသမား တစ်ဦး ဖြစ်သူ Ramchandra Chhatrapati က အမည်မဖော်ဘဲ သတင်း ထုတ်ဖော် ရေးသားခဲ့ပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ သတင်းသမား အသတ်ခံရမှုတွင် ဂရုကြီး Singh နှင့် အတူ ကြံရာပါ သုံးဦးကိုလည်း ပြစ်မှု ထင်ရှားကြောင်း နှင့် ၎င်းတို့အား ဇန်နဝါရီ ၁၇ ရက်တွင် ပြစ်ဒဏ် ကျခံရန် အပြီးသတ် အမိန့်ချမှတ် သွားမည် ဖြစ်ကြောင်း သတင်းများ၏ ဖော်ပြမှု အရ သိရသည်။

ဂရုကြီး Singh အနေဖြင့် အဓမ္မ ပြုကျင့်မှုများတွင် ပြစ်မှု ထင်ရှားကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း Haryana ပြည်နယ် ၊ Sirsa နှင့် Panchkula ခရိုင်များတွင် ၎င်းအား ထောက်ခံသူ နှင့် ဆန့်ကျင်သူ များ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့ကြောင်း သိရသည်။

ဂုရုကြီး Singh သည် လျှို့ဝှက် ဆန်းကြယ်သည့် ဘ၀ လူနေမှု ပုံစံ ၊ အရောင်အသွေး စုံလင်သည့် ဝတ်စား ဆင်ယင်မှု ၊ တန်ဖိုးမြင့် ဆိုင်ကယ်များ စီးနင်းမှု ၊ အိန္ဒိယ နိုင်ငံ နှင့် နိုင်ငံခြားတို့တွင် ပိုင်ဆိုင်မှု အများအပြား ရှိခြင်း တို့ဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် Haryana ပြည်နယ် တစ်ဝှမ်းရှိ အဓိက နိုင်ငံရေး ပါတီများ နှင့် နိုင်ငံရေး သမားများ အပေါ်တွင် နိုင်ငံရေး သြဇာ လွှမ်းမိုးသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.