Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် လက်ဝဲယိမ်းသည့် သုပုန်အဖွဲ့ နှင့် တိုက်ပွဲဖြစ်စဉ် တပ်မတော်သား ၉ဦး ထိခိုက်ဒဏ်ရာရရှိ

ဖိလစ်ပိုင်တပ်မတော်သားများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

မနီလာ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၊ ဆန်မာပြည်နယ် ၊ စံဂျော့ခ်မြို့၏ ကျေးရွာတစ်ရွာအတွင်း၊ ဇန်နဝါရီလ ၁၂ ရက်၊ နံနက် ၆း၅၀ နာရီ တွင် သူပုန်အဖွဲ့နှင့် ဖိလစ်ပိုင်စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ဖောက်ခွဲရေးပစ္စည်းများ နှင့် ပစစ်ခတ် ခဲ့မှုဖြစ်ပွားခဲ့ကာ စစ်သား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ်၊ ဖိလစ်ပိုင်တပ်မတော်၊ ဆန်မာပြည်နယ်ခြေလျင်တပ်မတစ်ခု ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး ဖရန်စစ်အန်နို (Francis Agno) ကပြောသည်။

ပြည်သူ့တပ်မတော်သစ်(NPA) အမည်ရှိ သူပုန်အဖွဲ့တွင်လည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ သူပုန်အဖွဲ့ ထွက်ခွာသည့် လမ်းကြောင်းတွင်သွေးကွက်များကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

NPA အဖွဲ့တွင် ခန့်မှန်းအင်အား၄၀၀၀ ရှိကြောင်း ဖိလစ်ပိုင်တပ်မတော်ဘက်မှပြောကြားသည်။ NPAသူပုန်အဖွဲ့များ နှင့်တိုက်ပွဲများသည် ၁၉၆၉ ခုနှစ်လောက်မှ စတင်ဖြစ်ပွားခဲ့ပြီး အာရှ၏ အရှည်ကြာဆုံး လက်နက်ကိုင်ပုန်ကန်မှုတစ်ခုဖြစ်သည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် ၁၉၈၆ ခုနှစ်မှစ၍ လက်ဝဲယိမ်း သူပုန်အဖွဲ့များ နှင့် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းခဲ့ကြောင်း၊ အတိတ်တွင် အကြိမ်များစွာ ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ထိရောက်အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.