Connect with us

Asia

အိန္ဒိယတွင် ကုန်ကား နှင့် ဂျစ်ကား တိုက်မိ၍ လူ ၁၁ဦးသေဆုံး

အိန္ဒိယတွင် ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် ကုန်တင်ကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ် တွင် သြဂုတ် ၂၇ ရက် က ကုန်တင်ကားတစ်စီး နှင့် ဂျစ်ကားတစ်စီး တိုက်မိရာ အနည်းဆုံး လူ ၁၁ဦးသေဆုံးကြောင်း ပြည်တွင်းသတင်းဋ္ဌာနတစ်ခု ကဖော်ပြခဲ့သည်။

ယာဉ်တိုက်မှုသည် Gujarat ပြည်နယ်မြို့တော် Gandhinagar မြို့ တောင်ဘက် ၃၆၄ကီလိုမီတာ အကွာ Botad ခရိုင် ရှိ Dhundhak Barwala လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။သြဂုတ် ၂၇ ရက်တွင် ကုန်တင်ကားတစ်စီး နှင့် ဂျစ်ကားတစ်စီး တိုက်မိ၍ အခင်းဖြစ်ပွားရာ၌ပင် လူ ၁၁ဦးသေဆုံးပြီး လူ တစ်ဦး ဒဏ်ရာရရှိကြောင်း၊ ယင်းလူနာအား ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ရဲအရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းဋ္ဌာနတစ်ခုကပြောကြားခဲ့သည်။

သေဆုံးသူများမှာ အမျိုးသား ၆ဦး နှင့် အမျိုးသမီး ၅ဦးဖြစ်ကြောင်း သိရသည်။အိန္ဒိယနိုင်ငံ တွင် ဝန်ပိုတင်ဆောင်ခြင်း၊ မော်တော်ယာဉ်လမ်းများ ပျက်စီးယိုယွင်းနေခြင်း နှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့် လူသေဆုံးစေသည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။အိန္ဒိယနိုင်ငံ တစ်ဝန်း ယာဉ်တိုက်မှုကြောင့် ၂၀၁၆ခုနှစ်တွင် သေဆုံးသူ ၁၅၀,၀၀၀ ရှိခဲ့ပြီး ၂၀၁၅ခုနှစ် တွင် လူ ၁၄၆,၁၃၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.