Connect with us

Asia

ဂျပန်ရေတပ် ရဟတ်ယာဉ်တစ်စီး ပျက်ကျသွားနိုင်ခြေရှိဟု ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောကြား

SH-60 အမျိုးအစား ရဟတ်ယာဉ် ပုံစံတူတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ပင်လယ်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) မှ ရဟတ်ယာဉ်တစ်စီး သည် မြေပြင် နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ပျက်ကျသွားနိုင်ခြေရှိကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၂၇ ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။

SH-60 ရဟတ်ယာဉ်သည် ဂျပန်နိုင်ငံမြောက်ပိုင်း ဟွန်ရှူးကျွန်း နှင့် ဟိုကိုင်းဒိုးကျွန်းကြားရှိ စုဂါရုရေလက်ကြား၌ ပျံသန်းလေ့ကျင့်နေစဉ် သြဂုတ် ၂၆ရက် ဒေသစံတော်ချိန် ည ၁၁နာရီ ဝန်းကျင်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ရဟတ်ယာဉ်ပေါ်တွင် လူ ၄ဦးလိုက်ပါလာပြီး ၎င်းတို့အနက် တစ်ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး ကျန် ၃ဦးကို MSDF က ရှာဖွေလျက်ရှိကြောင်း ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။ (Xinhua)