Asia
အိန္ဒိယတွင် ဆေးရုံမီးလောင်မှုကြောင့် သေဆုံးသူ ၆ဦးအထိရှိလာ

နယူးဒေလီ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တွင် ဒီဇင်ဘာ ၁၇ ရက်က ဆေးရုံမီးလောင်မှုကြောင့် သေဆုံးသူ ဦးရေသည် ၆ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၀၀ဦးကို ကယ်ထုတ်ပေးခဲ့ကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။
မွမ်ဘိုင်းမြို့ ၏ Andheri East ရပ်ကွက်ရှိ အစိုးရပိုင် ESIC Kamgar ငါးထပ်တိုက်ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို ကယ်ထုတ်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မီးငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့များ စေလွှတ်ထားကြောင်း သိရသည်။
သတင်းများ၌ဖော်ပြချက်အရ မီးလောင်မှုသည် အိန္ဒိယစံတော်ချိန် ၁၆း၀၀နာရီတွင် စတင်ဖြစ်ပွားခဲ့ပြီး မီးရုတ်တရက်လောင်ကျွမ်းစဉ် ဆေးရုံအတွင်း၌ ဆေးကုသမှုခံယူနေသော လူနာ ၁၆၀ဦးခန့်ရှိကြောင်း သိရသည်။ (Xinhua)