Connect with us

Asia

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြု

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

လွန်ပရာဘွန် ၊ လာအို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင် တို့သည် ဒီဇင်ဘာ ၁၆ ရက်ကတွေ့ဆုံပြီး နယ်ပယ်ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရန် နှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ဝမ်ရိ နှင့် ဦးကျော်တင်တို့သည် ယနေ့ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် လာအိုနိုင်ငံသို့ရောက်ရှိနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ယုံကြည်အားထားရသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ၊ အဆင့်မြင့်ကိုယ်စားလှယ်အဆင့်အပြန်အလှန်ဖလှယ်မှု ၊ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မှု ၊ တရုတ်မြန်မာဖက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတို့ကို လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရှိပါကြောင်း ဝမ်ရိက ဆိုသည်။

မကြာသေးမီကလက်မှတ်ရေးထိုးခဲ့သော တရုတ်-မြန်မာစီးပွားရေးစြင်္ကံ ပူးတွဲတည်ဆောက်ရေး နားလည်မှုစာချွန်လွှာကို တက်ကြွစွာအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ၊ ဆက်စပ်အစီအမံများ နှင့် အဓိကစီမံကိန်းများကို တွန်းအားပေးဆောင်ရွက်သွားရန် ဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း ဝမ်ရိက အသိပေးပြောကြားခဲ့သည်။

ပင်လုံစိတ်ဓာတ်နှင့်အတူ မြန်မာနိုင်ငံ၏မြောက်ပိုင်းအရေးကိစ္စရပ်များကို သင့်တင့်လျောက်ပတ်စွာဖြေရှင်းသွားရန်ကိုလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အားပေးထောက်ခံကြောင်း ဝမ်ရိက ဆိုသည်။

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ အစောပိုင်းကာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသာ နေရပ်စွန့်ခွာသူများပထမအသုတ် ပြန်လည်လက်ခံရေးအစီအစဉ်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအနေဖြင့် ချိတ်ဆက်ဆောင်ရွက်မှုနှင့်ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ထိန်းသိမ်းသွားသင့်ကြောင်း ၊တရုတ်နိုင်ငံအနေဖြင့် လိုအပ်သော ကူညီထောက်ပံ့မှုကို ပေးအပ်သွားမည်ဖြစ်ကြောင်း နှင့် ကုလသမဂ္ဂ၏ ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍတစ်ခုမှ ပါဝင်သွားသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ်ဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးအပေါ် ကျေနပ်အားရပါကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံးကာလတစ်ခုသို့ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒုတိယအကြိမ် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်ရေးနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်ရန် မျှော်လင့်ပါကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကို မြန်မာနိုင်ငံက ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) သည် ဒေသတွင်းပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ယူဆောင်ပေးခဲ့ပြီဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသည် ယင်းပူပေါင်းဆောင်ရွက်မှု ယန္တရားအောက်တွင် တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.