Connect with us

Asia

အိန္ဒိယတွင် ဆဲလ်ဖီရိုက်ရင်း လူငယ် ၇ ဦး ဂင်္ဂါမြစ် အတွင်း ရေနစ်သေဆုံး

ဂင်္ဂါမြစ် အတွင်း ဆဲလ်ဖီရိုက်နေသည့် စုံတွဲ တစ်တွဲအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်တွင် ဆဲလ်ဖီရိုက် (မိမိကိုယ်ကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း) ပြီးနောက် ရေထဲပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၃ ရက်က ပြောကြားခဲ့သည်။

ယင်း သေဆုံးမှုသည် ဥတ္တရာ ပရာဒက်ရှ် ပြည်နယ် မြို့တော် လပ်နောင်းမြို့ အနောက်ဘက် ၈၉ ကီလိုမီတာ အကွာရှိ ကန်ပါရ်ခရိုင်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဇွန်လ ၂၂ ရက်က လူငယ် ၇ ဦးဟာ ဂင်္ဂါမြစ်အတွင်း ရေချိုးနေတုန်း သူတို့အထဲမှ တစ်ဦးက ဆဲလ်ဖီ ရိုက်ရင်း ဟန်ချက်မညီ ဖြစ်ကာ ရေထဲပြုတ်ကျပြီး ရေစီးနဲ့ မျောပါ သွားခဲ့တယ်၊ ကျန်တဲ့ သူငယ်ချင်း ၆ ယောက် က လိုက်ကယ်ကြရင်းနဲ့ ရေနစ်သွားခဲ့တယ်” ဟု ရဲအရာရှိက တရားဝင် ပြောကြားခဲ့သည်။
၎င်းတို့၏ သေဆုံး ရုပ်အလောင်းများအား မြစ်အတွင်းမှ ပြန်လည် ဆယ်ယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆဲလ်ဖီရိုက်ရင်း သေဆုံးမှု စာရင်းများ မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ မြို့တော် မွမ်ဘိုင်း အနီးဝန်းကျင်၌ ဆဲလ်ဖီမရိုက်ရဇုန်များအား ယခုနှစ် အစောပိုင်းတွင် တာဝန်ရှိသူများက ကြေညာခဲ့သည်။ ထိုသို့ ကန့်သတ်ထားသည့် ဇုန်များမှာ နာမည်ကျော် Bandra bandstand, Marine Drive နှင့် Juhu Chowpatty စသည့် နေ ရာများသည် မိုဘိုင်းဖုန်းဖြင့် ဆဲလ်ဖီရိုက်ရန် မလုံခြုံသည့် နေရာများအဖြစ် မွမ်ဘိုင်း ရဲများက ကြေညာထား သည်။
ဆဲလ်ဖီရိုက်ခြင်းသည် ကမ္ဘာနှင့်အဝှမ်း ပေါ်ပြူလာဖြစ်သည့် ယဉ်ကျေးမှု တစ်ရပ်ဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.