Connect with us

Asia

နီပေါ နိုင်ငံသားများ အာဖဂန်နစ္စတန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျားတို့တွင် အလုပ်လုပ်ခြင်းအား နီပေါအစိုးရ ပိတ်ပင်

နီပေါနိုင်ငံသား ၁၃ ဦး သေဆုံးခဲ့သည့် ကဘူးလ်မြို့တွင် ဖြစ်ပွားခဲ့သော အသေခံ ဗုံးပေါက်ကွဲမှု အားတွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ သည် ၎င်း၏ နိုင်ငံသားများအား စစ်မက် ဖြစ်ပွားနေသည့် နိုင်ငံများသို့ အလုပ် သွားရောက် လုပ်ကိုင်ခြင်း အား တားမြစ်ရန် ဇွန်လ ၂၃ က ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အာဖဂန် နစ္စတန်နိုင်ငံ၊ အီရတ်နိုင်ငံ၊ ဆီးရီးယားနိုင်ငံ၊ လစ်ဗျားနိုင်ငံ များသို့ နိုင်ငံသားများ သွားရောက်ခြင်းကို ပိတ်ပင်ရန် နီပေါနိုင်ငံ ဝန်ကြီးများ အစည်းအဝေးတစ်ခု၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးဝန်ကြီး Sherdhan Rai က မီဒီယာသို့ ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် အသေခံ ဗုံးပေါက်ကွဲမှုကြောင့် ကနေဒါသံရုံးတွင် လုပ်ကိုင် နေသည့် နီပေါနိုင်ငံသား ၁၃ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည့် အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုအပြီး ၂ ရက် အကြာတွင် နီပေါ အစိုးရ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတိုက်ခိုက်မှုမှာ တာလီဘန် စစ်သွေးကြွများ ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အစောပိုင်းတွင် နီပေါနိုင်ငံသည် ၎င်း၏ နိုင်ငံသားများ အာဖဂန်နစ္စတန်တွင် အလုပ် လုပ်ကိုင်ခွင့် ပိတ်ဆို့ထားခြင်းကို တစ်စိတ်တစ်ပိုင်း ဖြေလျော့ပေးခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ၊ နေတိုးအဖွဲ့ (NATO) နှင့် အနောက်တိုင်း သံတမန် ကိစ္စရပ်များ နှင့် ပတ်သက်သည့် နီပေါ အလုပ်သမား ဝန်ထမ်းများအား အာဖဂန်၌ လုပ်ကိုင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန်တွင် ဇွန်လ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုသည် ၂၀၀၄ ခုနှစ် တွင် အီရတ်၌ နီပေါ အလုပ်သမား ၁၂ ဦး သေဆုံးခဲ့သော ဖြစ်ရပ်အပြီးတွင် အကြီးဆုံးသော ဝမ်းနည်းဖွယ် ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်း သိရသည်။
အနည်းဆုံး နီပေါနိုင်ငံသား ၁,၂၁၃ ဦးသည် အာဖဂန်နစ္စတန် နိုင်ငံတွင် အလုပ်လုပ်နိုင်ရန် ပထမ ၁၀ လ အတွင်း အစိုးရ ထံမှ အလုပ်ပါမစ် ရရှိခဲ့ကြောင်း နှင့် ယခုလက်ရှိတွင် အာဖဂန် အနှံ့ အလုပ်လုပ်ကိုင်သည့် နီပေါနိုင်ငံသား ဦးရေသည် ၂၀,၀၀၀ နီးပါးခန့် ရှိကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.