Asia
အိန္ဒိယတွင် ဓါတ်ငွေ့ပေါက်ကွဲရာမှ အဆောက်အအုံပြိုကျခဲ့၍ လူ ၆ဦးသေဆုံး

နယူးဒေလီ၊ မတ် ၁၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် Kanpurမြို့တွင် မတ်လ ၁၅ ရက်က ဓါတ်ငွေ့ယိုစိမ့်ရာမှ တစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ၆ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူ ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ရဲအရာရှိက ပေါက်ကွဲမှုသည် Kanpurမြို့ Shivrajpurဧရိယာ အတွင်းရှိ အအေးခန်းစက်ရုံတစ်ခုအတွင်း ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း အဆောက်အအုံပြိုကျခဲ့ပြီး လူခြောက်ဦး၏ ရုပ်အလောင်းများကို အပျက်အစီးများကြားမှ ဆွဲထုတ်ခဲ့ရကြောင်း နှင့် အပျက်အစီးများအကြား ပိတ်မိနေသူများ ရှိနေနိုင်သည့်အတွက် သေဆုံးသူဦးရေတိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။
ပြည်တွင်း ရုပ်သံလိုင်းများက ကယ်ဆယ်ရေးသမားများသည်ဓါတ်ငွေ့သုံး ဖြတ်စက်များကို အသုံးပြု၍ အဆောက်အအုံအပျက်အစီးများအကြား ပိတ်မိနေသူများအား ကယ်ထုတ်ရန် ကြိုးစားနေကြကြောင်း နှင့် အဆောက်အအုံအတွင်း အမိုးနီးယားဓါတ်ငွေ့များ ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ အဆောက်အအုံပြိုကျခဲ့ရခြင်းဖြစ်ကြောင်း ထုတ်လွှင့်ပြသခဲ့သည်။
ရဲအရာရှိက အဆောက်အအုံပြိုကျမှုကြောင့် လူခြောက်ဦးသေဆုံးသွားကြောင်း နိုင်ငံပိုင်ဆေးရုံ က ကြေညာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃ဦးမှာ ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း နှင့် ၎င်းတို့အားလုံးသည် အအေးခန်းစက်ရုံအတွင်း အလုပ်လုပ်နေသည့် အလုပ်သမားများဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက အဆိုပါဖြစ်ရပ်အားစစ်ဆေးရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)