Connect with us

Asia

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ထိုင်းနိုင်ငံသို့အလည်အပတ်ခရီးသွားရောက်မည်

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးအားတွေ့ ရစဉ် (ဆင်ဟွာ)

မနီလာ ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် မတ်လ ၂ဝ ရက် မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့(မတ်လ ၁၆ ရက်) တွင် သတင်းထုတ်ပြန်သည်။

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သမ္မတဒူတာတေးအနေဖြင့် နိုင်ငံရေး ၊ စီးပွားရေး ၊ စိုက်ပျိုးရေး ၊ စွမ်းအင် ၊ ပညာရေး နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် သက်ဆိုင်မှုရှိသော ကိစ္စရပ်များကို ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နှင့် ဆွေးနွေးသွားမည်ဟု ဆိုသည်။

“ ဒူတာတေး က နိုင်ငံအတွင်းမှာ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းအဆင့်မြင့်အရာရှိတွေနဲ့သတင်းအချက်ဖလှယ်မှုတွေ လုပ်သွားဖို့မျှော်လင့်ထားပါတယ်။ ပြီးတော့ ၂ဝ၁၇ ခုနှစ်အတွင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ဖိလစ်ပိုင်နိုင်ငံက ထမ်းဆောင်သွားရမှာနဲ့ပတ်သက်ပြီး အစီအစဉ်တွေ၊ဦးစားပေးကိစ္စရပ်တွေလည်း ပါဝင်မှာပေါ့” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ပြင် သမ္မတဒူတာတေးသည် ထိုင်းနိုင်ငံ၌ နေထိုင် အလုပ်လုပ်ကိုင်နေကြသော ဖိလစ်ပိုင်နိုင်ငံသား ၁၆ဝဝဝအနက် အချို့ ကိုလည်း တွေ့ဆုံသွားရန် မျှော်လင့်ရကြောင်း သိရသည်။

ထိုင်း နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား နှစ်နိုင်ငံ အကျိုးတူဆက်ဆံမှုသည် လာမည့် ဇွန်လတွင် ၆၈ နှစ် တိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ နှစ်နိုင်ငံဆက်ဆံရေးဟာ အမြဲတမ်းပဲ သိပ်ကိုခိုင်မာပြီး ကောင်းမွန်ခဲ့ပါတယ်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ ၁၉၄၉ ခုနှစ်ကတည်းပဲ နှစ်ဘက်အဆင့်မြင့်ခေါင်းဆောင်အကြား ပုံမှန် အပြန်အလှန် ဖလှယ်မှုတွေ ရှိခဲ့ပါတယ်” ဟုထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.