Connect with us

Asia

ဗီယက်နမ်လေဆိပ်တွင် မှောင်ခိုတင်သွင်းလာသည့် ကြံ့ချို ၁၀၀ကီလိုဂရမ်ကျော် ဖမ်းဆီးရမိ

တရားမဝင်မှောင်ခိုတင်သွင်းလာသည့် ကြံ့ချိုများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ ရှိ Noi Bai နိုင်ငံတကာလေဆိပ် တွင် အာဖရိကမှ တရားမဝင် မှောင်ခိုတင်သွင်းလာသော ကြံ့ချို ၁၀၀ကီလိုဂရမ်ကျော် အား အကောက်ခွန်အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားမဝင်သယ်ဆောင်လာသည့် ကြံ့ချိုများအား ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှ ဟနွိုင်းသို့ ပျံသန်းလာသည့် လေယာဉ်ပေါ်တွင် ပါရှိလာသော ခရီးဆောင်သေတ္တာနှစ်လုံး၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအွန်လိုင်းသတင်းစာ Tuoi Tre က မတ်လ ၁၆ ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ ခရီးဆောင်သေတ္တာများပေါ်တွင် ပိုင်ရှင်၏ အမည်အားဖော်ပြထားခြင်းမရှိသလို ၎င်းတို့၏ စုစုပေါင်းအလေးချိန်ကိုလည်း ရေးသားထားခြင်းမရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ အထွေထွေအကောက်ခွန်ဋ္ဌာန လက်အောက်ရှိ တရားမဝင်မှောင်တင်သွင်းမှု တိုက်ဖျက်ရေးအဖွဲ့ က ယင်းခရီးဆောင်အိတ်များကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေတ္တာတစ်လုံးသည် အလေးချိန် ၅၇.၁ကီလိုဂရမ်ရှိကာ ကျန်သေတ္တာတစ်လုံးမှာ ၆၀.၈၄ကီလိုဂရမ်ရှိကြောင်း သိရပြီး နှစ်ခုစလုံးတွင် ကြံ့ချိုဟုယူဆရသည့် တိရစ္ဆာန်ချိုများကိုရှာဖွေတွေ့ရှိခဲ့ကြောင်း အရာရှိများ၏ ပြောကြားချက်အရသိရသည်။

သက်ဆိုင်ရာအာဏာပိုင်များက နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေပြီး တိရစ္ဆာန်အစိတ်အပိုင်းများကို စစ်ဆေးမှုများပြုလုပ်နိုင်ရန် ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့် နည်းပညာအကယ်ဒမီ ၏ ကြီးကြပ်မှုအောက်ရှိ ဂေဟစနစ် နှင့် ဇီဝဆိုင်ရာအရင်းအမြစ်များအသင်းအဖွဲ့သို့ ပို့ဆောင်ထားကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင်လည်း အကောက်ခွန်အရာရှိများက Noi Bai လေဆိပ်တွင် ကင်ညာနိုင်ငံမှ သင်္ဘောဖြင့် သယ်ဆောင်လာသည့် ကြံ့ချို ၅၀ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကြံ့ချိုများသည် မှောင်ခိုဈေးကွက်တွင် ဗီယက်နမ်ဒေါင် ၂၀ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၈၇၉,၀၉၇) တန်ဖိုးရှိကြောင်း Tuou Tre အွန်လိုင်းသတင်းစာကဖော်ပြခဲ့သည်။

မျိုးတုန်းပျောက်ကွယ်နိုင်ခြေရှိသော တောရိုင်းတိရစ္ဆာန် နှင့် အပင်မျိုးစိတ်များ ဆိုင်ရာနိုင်ငံတကာကုန်သွယ်ရေး သဘောတူညီချက် (CITES) အရ ကြံ့ချို အပါအဝင် အကာအကွယ်ပေးထားသော တိရစ္ဆာန်များအားလုံး တင်သွားမှုအား ဗီယက်နမ်နိုင်ငံ၏ ဥပဒေက တားမြစ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.