Connect with us

Asia

အိန္ဒိယတွင် ယာဉ်မတော်တဆမှုကြောင့် ကလေးငယ် ၇ဦးသေဆုံး

အိန္ဒိယတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်တွင် ကားတစ်စီးသည် လမ်းချော်ပြီး ချောက်တစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ရာ ကလေးငယ် ၇ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ က သြဂုတ် ၁၂ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် ပြည်နယ်ရှိ Panchmahal ခရိုင် Bhat ရွာအနီး Halol-Bodeli လမ်းမပေါ်၌ သြဂုတ် ၁၂ ရက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်း မော်တော်ယာဉ်သည် မိသားစုတစ်ခု မှ ကလေးငယ် ၇ဦး အပါအဝင် လူ ၁၀ဦးကို တင်ဆောင်လာကြောင်း၊ နောက်ဘီးချော်ထွက်ပြီး လမ်းကြောင်းပြောင်းကာ ချောက်ထဲသို့ ပြုတ်ကျသွားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ကလေးငယ် ၇ဦးသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး အခြားလူ ၃ဦး မှာ ဒဏ်ရာရရှိခဲ့၍ အစိုးရဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းကပြောကြားခဲ့သည်။အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.