Connect with us

Asia

အာဖဂန်တွင် တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၁ဦး သေဆုံး

အာဖဂန်နစ္စတန်ရှိ တာလီဘန်စစ်သွေးကြွများအားတွေ့ရစဉ် (ဆင်ဟွာ)

မိုင်မာနာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryabပြည်နယ် ရှိ စစ်စခန်းတစ်ခုကို သြဂုတ် ၁၁ ရက် ညပိုင်းက တာလီဘန်စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အာဖဂန်တပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးပြီး အခြားတပ်ဖွဲ့ဝင် ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

Faryab ပြည်နယ်ကောင်စီအကြီးအကဲ Mohammad Tahir Rahmani က တာလီဘန်စစ်သွေးကြွ အများအပြားပါဝင်သော အုပ်စုတစ်ခုသည် Faryab ပြည်နယ် ရှိ Ghormach ခရိုင်ရှိ စစ်စခန်းတစ်ခုကို သြဂုတ် ၁၁ရက် နှောင်းပိုင်း က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။တာလီဘန် စစ်သွေးကြွများသည် တပ်ဖွဲ့ဝင် ၈ဦးကိုလည်း ဖမ်းဆီးသွားပြီး လက်ရှိတွင် တပ်ဖွဲ့ဝင် ၁၈၀ ရှိနေသည့် စစ်စခန်းအား ဝန်းရံပိတ်ဆို့ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)