Connect with us

Asia

အိန္ဒိယနိုင်ငံတွင် မီးရှူးမီးပန်းစက်ရုံ အတွင်း ပေါက်ကွဲမှုဖြစ်ပွားရာ လူ၅ဦးသေဆုံး၊ ၁၅ဦးဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၂၃ရက်တွင်ပြောကြားခဲ့သည်။

Bihar ပြည်နယ် မြို့တော် Patna မြို့ တောင်ဘက် ၇၉ကီလိုမီတာခန့် အကွာ Nalanda ခရိုင် တွင် မတ် ၂၂ရက် ညက စက်ရုံအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ယမန်နေ့ ညပိုင်းတွင် Khasganj Mohllah ၌ မီးရှူးမီးပန်းစက်ရုံအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၅ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးကုသရေးဌာနများသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီး အခြေအနေစိုးရိမ်ရသည့် လူနာ ၇ဦးအား Patna ဆေးပညာကောလိပ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ပြည်တွင်းမီဒီယာများက အဆိုပါ စက်ရုံသည် တရားမဝင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက်အအုံ ၄လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောကြားခဲ့သည်။အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.