Connect with us

Asia

အိန္ဒိယနိုင်ငံတွင် လစာပိုမိုရရှိရန် ရထားဝန်ထမ်းများ ၃ရက်ကြာ အစာငတ်ခံဆန္ဒပြ

အိန္ဒိယနိုင်ငံ ရှိ ရထားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မေ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံပိုင် ရထားဝန်ထမ်းများအဖွဲ့သည် လစာပိုမိုရရှိရန် နှင့် အစိုးရက နိုင်ငံတော်ပို့ဆောင်ရေးလုပ်ငန်း အား ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုတစ်ခုကို ဆန့်ကျင်သည့် အနေဖြင့် မေ ၈ရက်မှ စ၍ ၃ရက်ကြာ အစာငတ်ခံဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယရထားဝန်ထမ်းအားလုံးအဖွဲ့ချုပ် က အနည်းဆုံးလစာအား တိုးမြှင့်ပေးရန်၊ ပုဂ္ဂလိကပိုင်အဖြစ် ကန်ထရိုက်များပေးနေမှု အပါအဝင် တောင်းဆိုချက်များအား စဉ်းစားပေးရန် အိန္ဒိယအစိုးရထံ ပေးပို့ခဲ့သော်လည်း ကျေနပ်ဖွယ်ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်းမရှိကြောင်း မေလ ၈ ရက်တွင် ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ၏ ရထားလမ်းများသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရထားလမ်းကွန်ရက်တစ်ခုဖြစ်ပြီး နိုင်ငံ၏ မြောက်မှ တောင်သို့ ကန့်လန့်ဖြတ် ဆက်သွယ်ထားကြောင်း သိရသည်။ ယင်းရထားလမ်းစနစ်တွင် ခရီးသည်တင်ရထား ၉,၀၀၀ခန့် ဖြင့် နေ့စဉ် ခရီးသည်၂၃သန်းနီးပါးကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းအများပိုင်လုပ်ငန်းသည် ကျောင်းများ၊ ဆေးရုံများကိုလည်း လုပ်ကိုင်ဆောင်ရွက်နေပြီး ၎င်းတွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့ နှင့် ဆောက်လုပ်ရေးကုမ္ပဏီများ ရှိကာ ဝန်ထမ်းပေါင်း ၁.၃သန်းကို အလုပ်အကိုင်ပေးထားပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက်အကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.