Connect with us

Asia

ကမ္ဘောဒီးယားတွင် ညစ်ညမ်းဝိုင်များ နှင့် မသန့်ရှင်းသောရေများကို သောက်မိ၍ လူ ၁၁ဦးသေ၊ ၁၃၈ဦး ဆေးရုံတက်ခဲ့ရ

ကမ္ဘောဒီးယားတွင် ဆန်ဝိုင် ချက်လုပ်သည့် နေရာတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ မေ ၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း Kratie ပြည်နယ် တွင် ညစ်ညမ်းဝိုင်များ နှင့် မသန့်ရှင်းသောရေများကို သောက်မိ၍ အနည်းဆုံးရွာသား ၁၁ဦးသေဆုံးပြီး အခြားလူ ၁၃၈ဦး ဆေးရုံတက်ခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန က မေ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်ရပ်သည် Chitborey ခရိုင် Kantuot အသိုက်အဝန်း ရှိ Sre Non နှင့် Aloch ရွာများတွင် လွန်ခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရွာသားများသည် ဆန်ဝိုင်များ နှင့် တူးမြောင်းတစ်ခုအတွင်းမှ ရရှိသည့် ရေများကို သောက်သုံးခဲ့ကြောင်း၊ သောက်သုံးခဲ့သူ အားလုံးသည် အစာအိမ်နာခြင်း၊ အော့အန်ခြင်း၊ လည်ချောင်းနာခြင်း၊ မောပန်းခြင်း၊ မူးဝေခြင်း နှင့် အသက်ရှူမဝသည့် လက္ခဏာများ တူညီစွာခံစားရကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

လက်ရှိတွင် အဆိပ်သင့်သူ ၁၃၄ဦးအား Kratie ပြည်နယ်ဆေးရုံ၌ ဆေးကုသပေးထားပြီး အများစုမှ ပြန်လည်ကောင်းမွန်လာပြီး လူနာ ၄ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း နှင့် ၎င်းတို့အား ဖနွမ်းပင်မြို့ရှိ Calmette ဆေးရုံတွင် ကုသပေးထားကြောင်းသိရသည်။

အဆိပ်သင့်သူ အားလုံးသည် အသက် ၂၄နှစ်မှ ၇၃နှစ်အရွယ်များ ဖြစ်ကြောင်းသိရသည်။

ထုတ်ပြန်ချက်၌ ကျန်းမာရေးတာဝန်ရှိသူများသည် ယင်းရွာ ၂ရွာမှ ဒေသလုပ် ဆန်ဝိုင် နှင့် ညစ်ညမ်းရေများ၏ နမူနာများကို ယူဆောင်၍ စစ်ဆေးခဲ့ရာ ဆန်ဝိုင်များတွင် မီသနော်ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ပြီး ၎င်းက အဆိပ်သင့်မှုကို ဖြစ်ပွားစေခြင်းဖြစ်ကြောင်း နှင့် ညစ်ညမ်းရေများ၏ စစ်ဆေးမှုရလဒ်ကို သိရှိခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

ဒေသခံအာဏာပိုင်များသည် ယင်းရွာများ ၌ ဆန်ဝိုင်များရောင်းချမှု နှင့် တူးမြောင်းအတွင်းမှ ရေများ သောက်သုံးနေခြင်းကို တားမြစ်ခဲ့ပြီး ရွာသားများအတွက် ရေသန့်များ ဖြည့်ဆည်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။ (Xinhua)