Asia
အိန္ဒိယနိုင်ငံတွင် လေယာဉ်တစ်စင်းအဆင်းဂီယာတံခါးတွင် လေကြောင်းနည်းပညာရှင်တစ်ဦး ပိတ်မိ၍ သေဆုံး
နယူးဒေလီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိကလေကြောင်းလိုင်း Spicejet တွင် လုပ်ကိုင်နေသော နည်းပညာရှင်တစ်ဦးမှာ ဇူလိုင်လ ၁၀ ရက်အစောပိုင်းက အလုပ်လုပ်နေစဉ် လေယာဉ်၏အဆင်းဂီယာတံခါးတွင် ပိတ်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။
အဆိုပါ မတော်တဆမှုမှာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း West Bangal ပြည်နယ်မြို့တော် ကိုလ်ကတ္တားရှိ လေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ (ဇူလိုင်လ ၁၀ ရက်) မနက် ဒေသစံတော်ချိန် ၁း၄၅ နာရီက လေယာဉ်အဆင်းတံခါး မတော်တဆပိတ်သွားစဉ် အသက် ၂၆ နှစ်အရွယ် ရိုဟင် ဗီရန်ဒရာ ပန်ဒီ (Rohit Virendra Pandey) ပိတ်မိသွားခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီမတော်တဆမှုမှာ ပန်ဒီသေဆုံးသွားခဲ့တယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
တာဝန်ရှိသူများ၏အဆိုအရ ပန်ဒီမှာ အလုပ်လုပ်နေစဉ် ဟိုက်ဒရောလစ်ဖိအားကြောင့် လေယာဉ်အဆုံးအောက်ပိုင်းသို့ စုပ်ယူခြင်းခံလိုက်ရကြောင်း၊ နောက်ပိုင်းတွင် ၎င်း၏ရုပ်အလောင်းကို လေယာဉ်မှဆွဲထုတ်ခဲ့ရကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများက ဖော်ပြထားသည်။
Spicejet လီမိတက်သည် အိန္ဒိယ စရိတ်နည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည်။
အဆိုပါအမှုအား စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့က မှတ်တမ်းတင်လိုက်ကြောင်း သိရသည်။ (Xinhua)