Asia
အိန္ဒိယနိုင်ငံတွင် သစ်တောအရာရှိတစ်ဦးအပါအဝင် လူ ၆ဦး ကျားသစ်တိုက်ခိုက်ခြင်းခံရ

မွန်ဘိုင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ Maharashtraပြည်နယ်၊ Nashik ခရိုင်တွင် မတ်လ ၁၀ ရက်နေ့မွန်းလွဲပိုင်းက ကျားသစ်တစ်ကောင်တိုက်ခိုက်မှုကြောင့် သစ်တောအရာရှိတစ်ဦးအပါအဝင် လူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ်လ ၁၁ ရက်နေ့တွင် သတင်းတွင်ဖော်ပြချက်အရ သိရသည်။
ရွာသား ၅ ဦး နှင့် သစ်တောအရာရှိသည် ဆေးရုံတွင် ကုသမှုခံယူခဲ့ပြီးနောက် ၎င်းတို့၏အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။
သစ်တောရုံးမှ ကယ်ဆယ်ရေးအဖွဲ့တစ်ခုသည် ကျားသစ်အားဘေးကင်းစွာဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီလက Maharashtra ပြည်နယ် Thaneမြို့ ရှိ ရှော့ပင်းမောတစ်ခုတွင် ကျားသစ်တစ်ကောင်ကို မြင်တွေ့ခဲ့ရကြောင်း၊ ထိုကျားသစ်ကို မေ့ဆေးပေး၍ သစ်တောဌာနမှ တာဝန်ရှိသူများက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)