Connect with us

Asia

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု တွင် အင်အား ၅.၉ ပမာဏရှိ ငလျင်လှုပ်ခတ်

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ရှုခင်းတစ်နေရာအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု အရှေ့ဘက်ကမ်းခြေအလွန်တွင် မတ် ၁၁ရက် က အင်အား ၅.၉ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ ဌာနက ပြောကြားခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၂း၁၁နာရီ တွင် မြောက်လတ္တီကျု ၃၆.၈ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၄၂.၅ ဒီဂရီ ရှိ မြေအောက်အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး ၁၃မိနစ်အကြာတွင် အဆိုပါနေရာ၌ပင် အင်အား ၅.၁ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

မတ် ၁၁ရက်သည် ဂျပန်နိုင်ငံ၌ ၂၀၁၁ခုနှစ် မတ် ၁၁ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီး နှင့် ဆူနာမီရေလှိုင်းရိုက်ခတ်မှု ၏ ၈နှစ်ပြည့် အထိမ်းအမှတ်နေ့လည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.