Connect with us

Asia

အိန္ဒိယနိုင်ငံဒေလီမြို့ မီးလောင်မှုအတွင်း သေဆုံးသူ ၄၃ ဦးထိ ရှိလာ

အိန္ဒိယနိုင်ငံဒေလီမြို့၌ ယနေ့နံနက် မီးလောင်မှုဖြစ်ပွားသော အဆောက်အဦအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ယနေ့(ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း သေဆုံးသူ ၄၃ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေလီမြို့မီးသတ်တပ်ဖွဲ့(DFS) ၏ သတင်းအရင်းအမြစ်များ အရ သိရသည်။

အဆိုပါ မီးလောင်မှုသည် ဒေလီမြို့မြောက်ဘက် ရုပ်ရှင်ရိုက်ကွင်းနေရာတစ်ခုရှိ လေးထပ်အဆောက်အဦတစ်လုံး၏ အတွင်းပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။သေဆုံးသူအများစုမှာ ဘီဟာပြည်နယ်မှာ ရွှေ့ပြောင်း အခြေစိုက် လုပ်သားများဖြစ်ကြောင်း ၊ ကျောင်းလွယ်အိတ် နှင့် ပါကင်သေတ္တာပုံးစက်ရုံမှ အလုပ်သမားများဖြစ်ကြောင်း ၊ အဆိုပါ အဆောက်အဦကို အပြင်မှ သော့ခတ်ထားခဲ့ကြောင်း နှင့် ၎င်းတို့သည် မီးလောင်မှု ဖြစ်ပွားချိန်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရသည့် အသေးစိတ်အကြောင်းအရာကို မသိရသေးပေ။ 

 အိန္ဒိယနိုင်ငံဒေလီမြို့၌ ယနေ့နံနက် မီးလောင်မှုဖြစ်ပွားသော အဆောက်အဦအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

သေဆုံးသူအများစုသည် မီးခိုမွှန်၍ သေဆုံးရခြင်းဖြစ်ကြောင်း ဒေလီမီးသတ်တပ်ဖွဲ့(DFS) မှ အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။DFS ထိန်းချုပ်ခန်းမှ သတင်းအရင်းအမြစ်များအရ မီးလောင်မှုဖြစ်ပွားသော အဆောက်အဦးအတွင်း အနည်းဆုံး လူ ၄၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် ၎င်းတို့အား အနီးအနားရှိ ဆေးရုံများသို့ အသီးသီးပို့ဆောင်ပေးထားကြောင်း သိရသည်။အချင်းဖြစ်နေရာသို့ မီးသတ်ကား ၃၅ စီးခန့်ရောက်ရှိ၍ မီးငြိှမ်းသတ်ပေးခဲ့ရသည်။ နောက်ဆုံးသတင်းများအရ ယခုအခါ မီးလုံးဝငြိမ်းသွားပြီဖြစ်ကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.