Connect with us

Asia

ဟောင်ကောင် တွင် ကောလိပ်ကျောင်းဝင်းအတွင်း ပေါက်ကွဲနိုင်သော ဗုံးနှစ်လုံး တွေ့ရှိ

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝါရန် ကောလိပ် ဝင်းအတွင်း ဒီဇင်ဘာလ ၉ ရက် က ဗုံးနှစ်လုံးတွေ့ရှိပြီးနောက် အနီးရှိလမ်းတစ်လမ်းကို ရဲတပ်ဖွဲ့ကပိတ်ဆို့ ထားစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ကောလိပ်ကျောင်းတစ်ခု၏ဝင်းအတွင်း အ ပြည့်အဝ အသက်ဝင်လည်ပတ်နေပြီးပေါက်ကွဲခဲ့ပါက ထိခိုက်သေဆုံးဒဏ်ရာရမှု အများအပြားဖြစ်ပွား နိုင်သည့် လက်လုပ်အဝေးထိန်းဗုံးနှစ်လုံးအား ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၉ ရက်၊ညပိုင်း၌ အောင်မြင်စွာစနက်တံဖြုတ်၍ သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၉ ရက်၊ညနေ ၅း၃၀ နာရီခန့်တွင် ထိုဗုံးနှစ်လုံးအား ဝါရန် ကောလိပ်(Wah Yan College) ဝင်းအတွင်းတွေ့ရှိကြောင်းသတင်းပေးချက်ရရှိခဲ့ပြီးနောက် ဗုံးများအားဖယ်ရှားရှင်းလင်းရန်အရာရှိများ ကိုစေလွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။

စစ်ဆေးကြည့်ရှုပြီးနောက် ထိုဗုံးနှစ်လုံးက ဖေါက်ခွဲရန ်အဆင်သင့်အနေအထား ဖြစ်နေသည်ကိုလည်း တွေ့ရှိရကြောင်းရဲတပ်ဖွဲ့ကပြောခဲ့သည်။၎င်းတို့ကစုစုပေါင်းအလေးချိန် ၁၀ ကီလိုဂရမ်ရှိပေါက်ကွဲအား မြင့် ပစ္စည်းများဖြစ်ကြောင်းလည်းသိရှိရသည်။(Xinhua)