Asia
အိန္ဒိယနိုင်ငံမြောက်ပိုင်း တွင် အိမ်ပြိုကျမှုကြောင့် လူ၁၀ ဦးသေဆုံး
နယူးဒေလီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်တာ ပရာဒက်ရှ်ပြည်နယ်၊ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၀ ဦးသေဆုံးခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၁၄ရက်သတင်းများတွင် ဖော်ပြခဲ့သည်။
အက်တာ ပရာဒက်ရှ်ပြည်နယ်၊ Mau ခရိုင်တွင် အောက်တိုဘာလ ၁၄ ရက်၊ နံနက်က အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် နှစ်ထပ်အဆောက်အဦးပြိုကျခဲ့ကြောင်း သိရသည်။
လူတစ်ချို့သည် အဆောက်အဦ၏ အတွင်းပိုင်းတွင် ထွက်မရပဲပိတ်မိခဲ့ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများဆေးကုသမှုခံယူရန် ဒေသခံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)