Asia
အိန္ဒိယနိုင်ငံသည် ၎င်း၏ ငါးခုမြောက် တည်နေရာပြ ဂြိုလ်တု အား ဇန်နဝါရီလ ၂၀ရက်နေ့တွင် လွှတ်တင်မည်

နယူးဒေလီ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံသည် ၎င်း၏ ငါးခုမြောက် တည်နေရာပြ ဂြိုလ်တု အား တောင်ပိုင်း ဂြိုလ်တု လွှတ်တင်ရေး စခန်း စရီဟာရီကိုတာ မှ ဇန်နဝါရီလ ၂၀ရက်နေ့တွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း သတင်း အရင်းအမြစ်တစ်ခု က ဇန်နဝါရီလ ၁၉ ရက်နေ့တွင်ပြောကြားခဲ့သည်။
အိန္ဒိယ ဒေသတွင်း တည်နေရာပြ ဂြိုလ်တု စနစ် (IRNSS-1E) အား ဒေသစံတော်ချိန် ၉း၃၁ နာရီတွင် နိုင်ငံ၏ Indigenous Polar Satellite Launch Vehicle (PSLV-31) ဂြိုလ်တုဖြင့် သယ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။
နိုင်ငံပိုင် အိန္ဒိယ အာကာသ လေ့လာရေး အေဂျင်စီ မှ လွှတ်တင်လိုက်သည့် ဂြိုလ်တု လေးခု ရှိပြီဖြစ်ပြီး နောက်ထပ် ဂြိုလ်တု သုံးခုမှာ စောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရသည်။
ဂြိုလ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင် ပြီးပါက ဂြိုလ်တုအားလုံးသည် အကျယ်အဝန်း ၁,၅၀၀ကီလိုမီတာ ပတ်လည် အတွင်း တိကျသော တည်နေရာ သတင်းအချက်ဝန်ဆောင်မှု ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)