Connect with us

Asia

ကမ္ဘာ့ အသက်အကြီးဆုံး လူသား အသက် ၁၁၂ နှစ်တွင် ကွယ်လွန်

ကမ္ဘာ့ အသက်အကြီးဆုံး လူသား ယစုတရို ကိုအိဒဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ အသက်အကြီးဆုံး လူသား ယစုတရို ကိုအိဒဲ့ သည် ဇန်နဝါရီလ ၁၉ရက်နေ့တွင် ဂျပန်နိုင်ငံ အလယ်ပိုင်း နာဂိုရာ ရှိ ဆေးရုံတစ်ရုံ တွင် နံနက်အစောပိုင်းက ကွယ်လွန်ခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်၌ အသက် ၁၁၂နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုအိဒဲ့ အား ၁၉၀၃ ခုနှစ် မတ်လ ၁၃ရ က်နေ့ တွင် ဖုခုအိ စီရင်စု ၌ မွေးဖွားခဲ့ပြီး အပ်ချုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကာ ၂၀၁၅ခုနှစ် သြဂုတ်လတွင် ကမ္ဘာ့ အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။

ကိုအိဒဲ့သည် စိုင်းတမ စီရင်စု ရှိ အသက် ၁၁၂နှစ် အရွယ် ဆာကာရိ မိုမိုရိ ၂၀၁၅ခုနှစ် ဇူလိုင်လတွင် ကွယ်လွန်သွားပြီးနောက် ကမ္ဘာ့ အသက်အကြီးဆုံး ဘွဲ့ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

ယခု လက်ရှိ ဂျပန်နိုင်ငံ တွင် အသက်အကြီးဆုံး သူ မှာ တိုကျိုမြို့ရှိ မစမိစွတ် ရိုရှိဒါ ဖြစ်ပြီး အသက် ၁၁၁ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.