Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ရေအိုင်အတွင်းသို့ ဘတ်စ်ကားတစ်စီး ပြုတ်ကျ၊ လူ ၈ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ရေအိုင်အတွင်းသို့ ဘတ်စ်ကားတစ်စီးပြုတ်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနတ်တကာပြည်နယ်တွင် ဇန်နဝါရီလ ၁၃ ရက်က ခရီးသည်တင် ဘတ်စ်ကား တစ်စီးသည် တံတားပေါ်မှချော်ကျကာ ရေအိုင်အတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် ကာနတ်တကာပြည်နယ် မြို့တော် ဘန်ဂါလူရူမှ ၂၅၀ ကီလိုမီတာအကွာက ဟတ်ဆန်ခရိုင်ရှိ အမျိုးသား အဝေးပြေးလမ်းမကြီး အမှတ် ၇၅ ပေါ် Karekere ကျေးရွာအနီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ယာဉ်မောင်း တစ်ဦးနဲ့ ယာဉ်လက်မှတ်ရောင်းသူ တစ်ဦးအပါအဝင် ခရီးသည် ၅၀ ဦး သယ်ဆောင်လာတဲ့ နိုင်ငံပိုင် ဘတ်စ်ကား တစ်စီးက ဒီနေ့မနက်ပိုင်းက အရှိန်မထိန်းနိုင်ဖြစ်ပြီး တံတားလက်ရန်းအား တိုက်မိကာ ရေအိုင်အတွင်းသို့ ထိုးကျသွားခဲ့တယ်” ဟု အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသမီး ၂ ဦးအပါအဝင် လူ ၈ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား အနီးဝန်းကျင်ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် ဒါမတ်စ်တာလာမှ ဘန်ဂါလူရူသို့ သွားနေစဉ် ယခုလို တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကနဦး သက်သေများအရ ဘတ်စ်ကားယာဉ်မောင်း၏ ပေါ့ဆမှုကြောင်း ယခုလို ဖြစ်ပွားရခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့ပြီး မည်သို့ပင်ဖြစ်စေ ဒေသခံ မျက်မြင်သက်သေများ၏ ပြောကြားချက်များအား ထည့်သွင်းစဉ်းစားပြီးနောက် အဆုံးသတ် အစီရင်ခံစာ ထုတ်ပြန်မည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်၌ ယာဉ်တိုက်မှု ဖြစ်ပွားသည့်အရေအတွက် အများဆုံးနိုင်ငံ ဖြစ်သည်။ ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အဓိကအကြောင်းအရာများမှာ ယာဉ်မောင်းမကျွမ်းကျင်မှု၊ လမ်းများနှင့် ယာဉ်များ ပြင်ဆင်ထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.